P - 42 🍁

342 27 17
                                    

Zawgyi

စိုးရိမ်ပူပန်မှုတွေနဲ့ရင်ထဲမွန်းကျပ်မှုတွေက တစ်ညတာသာကုန်ဆုံးသွားတယ် တစ်ရေးမှလဲမအိပ်ပျော်ခဲ့သလို ၊ စိတ်ပူပန်မှုတွေလဲလျော့မသွားခဲ့ဘူး ၊ ခွဲစိတ်ခန်းအတွင်းထဲမှာ သေမင်းနဲ့အပြိုင်အသက်လုနေရတဲ့မင်းထက်ကိုလဲစိတ်ပူတယ်၊
မနက်အစောကြီး မနေ့ကအဝတ်အစားပုံစံအတိုင်းညှိုးနွမ်းနေတဲ့ အားအင်ကုန်ခမ်းပြီးစိတ်ဓာတ်ကျသလိုဖြစ်နေတဲ့ ပုံစံနဲ့ အထဲကိုတစ်လှမ်းချင်းလှမ်းပြီးဝင်လာတဲ့ ကိုသက်နောင်ကိုမြင်လိုက်ရတော့ လုံးဝကိုပြိုလဲကျသွားမှာတောင်စိတ်ပူပန်နေခဲ့ရသည်။

"ကိုသက်နောင် မင်းထက်အဆင်ပြေတယ်မလား?"

အပြေးအလွှားအနားရောက်လာတဲ့မာန်ပြည့်ကိုသူဘာပြန်ပြောရမလဲ ၊ ခွဲစိတ်ခန်းမှာ နာရီပေါင်းများစွာကြာအောင် ခွဲစိတ်ပြီး နစ်ဝင်နေတဲ့ကျည်ဆံကိုခွဲထုပ်ပြီးတဲ့နောက် မင်းထက်က သွေးဆုံးရှုံးမှုများပြီး သွေးထွက်လွန်ကာ အသက်ရှုပါရပ်တန့်သွားလို့ဆရာဝန်တွေရော သူနာပြုတွေရောရောက်ရပ်ခတ်ကုန်ကာ အသက်ကိုပြန်ကယ်ထားရသည်တဲ့ ၊ ဝမ်းဗိုက်ပိုင်းကိုထိမှန်တာဖြစ်ပြီး အရေးကြီးသည့်အင်္ဂါအစိတ်အပိုင်းတွေကိုမထိခိုက်သွားတာကြောင့် အသက်အန္တရာယ်မစိုးရိမ်ရပေမယ့်ဒီကြားထဲမှာ အခြေအနေတွေက စောင့်ကြည့်နေရမည့်အနေအထားဖြစ်သည်။

မင်းထက် သူတို့Logoရဲ့Commando Kelvin နဲ့Dragon က အခုအခြေအနေတွေနဲ့ကြုံတွေ့နေရသည့်အတွက် ခေါင်းဆောင်တစ်ယောက်အနေနဲ့လဲ သူ့တာဝန်မကျေသလိုခံစားရသည်။

"အင်း..ပြေပါတယ် အခုထိတော့... "

ပြေပါတယ်လို့ပြောနေတဲ့ကိုသက်နောင်ရဲ့မျက်နှာအသွင်အပြင်က အဆင်မပြေကြောင်းပြနေတာကို သူနားလည်တယ် ၊ ပြန်ဖြေတဲ့စကားက ဘာစကားလဲ...အခုချိန်ထိတော့အဆင်ပြေပါတယ်တဲ့....

"အခုထိတော့ဆိုတာက ဘာစကားလဲ!!..မင်းထက်က ခွဲစိတ်မှုအောင်မြင်တယ်မဟုတ်ဘူးလား!!..ဒါဆို အဆင်ပြေတယ်လေ "

ဒေါသထွက်ခဲတဲ့ မာန်ပြည့် ၊ အမြဲတမ်းစိတ်သဘောထားဖြူစင်ပြီး နားလည်ခွင့်လွှတ်ပေးတတ်ပြီး သည်းခံတတ်တဲ့မာန်ပြည့်က အခုအချိန်မှာတော့ ခေါင်းဆောင်ဖြစ်ပြီးအသက်အရွယ်ကြီးသည့် ကိုသက်နောင်ကိုပါ အော်ဟစ်ပြောဆိုနေသည်က သူ့ညီငယ်တွေအပေါ်စိုးရိမ်ပူပန်မှုကြောင့်သာ ဖြစ်သည်။

Commando🍁(Complete)Where stories live. Discover now