P - 34🍁

361 33 4
                                    

Zawgyi

ကိုသက်နောင်ပြောပြနေတဲ့အကြောင်းအရာတွေကို မာန်ပြည့်၊Kristနဲ့ညီစေတို့ကသာ အံ့သြတကြီးဖြစ်နေပေမယ့် ခုမှနားထောင်ရတဲ့ ဘုန်းဆက်ကတော့ သူတည်းခဲ့တဲ့ တဲအိမ်ကအကြောင်းကို ပြောနေတာတောင်မှတစ်ချက်အံ့သြသွားခြင်းမပြခဲ့ပါဘူး ၊

"ကိုယ်တွေ့ခဲ့ပြီးသား... "

"ဗျာ!!....ကိုကို အဲ့အိမ်ထဲမှာဒါတွေတွေ့ခဲ့တယ်... "

ညီစေကမယုံနိုင်သလိုအကြည့်ဖြင့်ကြည့်လာပြီးမတ်တပ်ရပ်ရင်းမေးလာသည်။

"ဟုတ်တယ် ညီ ၊ညီငါးဖမ်းနေတုန်းကကိုယ်တွေ့ခဲ့တာ "

"ဟာ ဒီကြားထဲကျွန်တော့်ကိုအဲ့အကြောင်းပြောပြဖို့ အချိန်မရလို့လား ၊ကျွန်တော်တို့နှစ်ယောက်အတူတူနေခဲ့တာလေ ဒါကိုကျွန်တော်ကငတုံးတစ်ကောင်လိုဘာမှမသိဘူး "

ညီစေ့အသံတွေကဒေါသတွေ၊မယုံကြည်နိုင်ခြင်းတွေရောပြွန်းနေပြီးအသံတွေပါတုန်ရီလာသည်။

"ကိုယ်မပြောခဲ့တာ ဒါကအန္တရာယ်များတယ်ဆိုတာကိုယ်သိနေလို့ပဲ"

"အန္တရာယ်များတယ် ဟုတ်လား ကျွန်တော်ကငမြောက်ငခြောက်ကလေးမလို့လားဗျ ပြီးတော့အန္တရာယ်များတယ်ဆိုတဲ့အတွက်ကျွန်တော့်ကိုသေချာပေါက်ပြောပြသင့်တယ်လေဗျာ"

"မဟုတ်သေးဘူးညီရယ် ကိုယ်မင်းကိုကာကွယ်ချင်တာလေ အန္တရာယ်များမှန်းသိလျှက်နဲ့ ဒီကိစ္စထဲကိုမပါစေချင်လို့ပါ"

"ဟ အဲ့ကောင်တွေကဘာကောင်တွေမလို့လဲ ကျွန်တော်ကဘာကိုကြောက်နေရမှာလဲ!!
ကိုကိုကာကွယ်ပေးချင်တာသိပေမယ့် ကျွန်တော်လဲသိနေဖို့လိုအပ်တယ်လို့မထင်ဘူးလား"

ညီစေကပြောရင်းနဲ့မျက်ရည်တွေပါဝဲလာပြီး အသံကကျယ်ကျယ်လာသည်။ ဘုန်းဆက်ကလဲခြေမကိုင်မိလက်မကိုင်မိနဲ့မျက်စိမျက်နှာပျက်လာတော့ အကြီးဖြစ်တဲ့ကိုသက်နောင်ကပြေရာပြေကြောင်းဝင်ပြောရတော့သည်။

"ညီစေ ညီလေးစိတ်လျှော့ပါအုံးကွာ ဘုန်းဆက်မပြောဘူးဆိုတာက အန္တရာယ်များတဲ့အရာဖြစ်နေလို့ပါ သူ့မှာလဲအကြောင်းပြချက်ရှိမှာပါကွာ သူဖြေရှင်းတာကိုနားထောင်ပေးလိုက်ပါအုံး ငါ့ညီရာ"

Commando🍁(Complete)Where stories live. Discover now