P - 44 🍁

356 22 21
                                    

Zawgyi

"ဟို စားပွဲမှာထိုင်နေတဲ့တစ်ယောက်..
အဲ့ဒါထက်မြတ်ပဲ ၊ ဘေးနားမလှမ်းမကမ်းမှာသူ့နောက်လိုက်တွေရှိတယ် ၊ နင်ဂရုစိုက်ပြီး လှုပ်ရှားနော် "

"ဟဲ့!!..သက်နောင် ငါကအထူးတပ်ဖွဲ့ခေါင်းဆောင်နော်! ငါ့ကိုအခုမှသူငယ်နတ်စားလေးထင်နေလား"

ဝတ်ထားတဲ့အဝတ်က အတိုအပြတ်၊ စိတ်ကမလုံမလဲခံစားရတာလိုလို ၊ မဝတ်ဖူးတော့ ဒီနားကယားသလို ဟိုနားကမလုံသလိုလို ဖြစ်နေပါတယ်ဆိုမှ ဘေးကနေခုမှ ဒီလိုရန်သူ့အနားချဉ်းကပ်ဖူးတဲ့ပုံနဲ့လာပြီး သင်ပြနေတယ်။

စီးထားတဲ့ဖိနပ်ကခြေဖျားထောက်ထားသလားထင်ရအောင်ကိုမြင့်တဲ့ထောက်ချွန်ချွန်လေးနဲ့ဆိုတော့ သူ့ခမျာ လိမ်ဖယ်လိမ်ဖယ်ဖြစ်နေတဲ့အပြင် လက်ကလဲကားယားကားယားနှင့်ဟန်ချက်ပျက်ကာ လဲမကျအောင်ထိန်းလျှောက်နေရသည်။
ဝတ်ထားသည့်အနီရဲရဲ ကိုယ်ကျပ်ပေါင်တိုလေး
နှင့် ဆံပင်အခွေတွေကိုအမြင့်စည်းမြှောက်ထားတော့ လည်တိုင်ကျော့ကျော့ရှင်းရှင်းလေးနှင့်သူမက ကလပ်က ပုရိသယောကျာ်းတိုင်း၏လည်ပြန်ကြည့်ရှုမှုကိုခံရသည်အထိ ဆွဲဆောင်မှုရှိရှိနှင့်လှပကျော့ရှင်းသည်။
သက်နောင်နဲ့ Kristအပြင်အခြား ကောင်လေးတွေနဲ့အဖွဲ့ကတော့ ဘေးနားမလှမ်းမကမ်းမှနေ အခြေအနေအရပ်ရပ်ကိုအကဲခတ်နေရသည်။

ကျော် (မေကျော့)လုပ်ရမှာကလွယ်ပါတယ်၊ ထက်မြတ် သူ့အလှတရားတွေမှာယစ်မူးနေစဉ်မှာ ထက်မြတ်ရဲ့ ခန္ဓာကိုယ်တစ်နေရာရာကို တည်နေရာရှာသည့် ကိရိယာအသေးလေးကပ်လိုက်ရုံနှင့် ညီစေ့စီကိုရောက်နိုင်သည့်နေရာကိုရှာတွေ့ပြီဖြစ်သည်။အခု ကျော့် လက်ထဲမှာကိုင်ထားသည့် ထိုကင်မရာမကျ GPSမကျ စက်ကလေးမှနေ အရှေ့မြှမင်ကွင်းကို
Jole(မာန်ပြည့်)တို့က မှန်သားပြင်ကနေကြည့်နေလောက်ပြီ။

ကျော်တစ်ယောက်ဘယ်လိုတောင်မိန်းမမာယာတွေထုပ်သုံးနေသည်မသိ ၊ ဟိုကောင်ထက်မြတ်က သူ့ဘေးမှာကပ်ထိုင်စေပြီး အရည်ရွှမ်းနေသောမျက်လုံးများနှင့် အသာငမ်းငမ်းကြည့်နေသည်။

ဟော... လက်တွေကလဲဟိုပွတ်ဒီပွတ်လုပ်နေကာတစ်ယောက်နှင့်တစ်ယောက်အကြည့်ခြင်းစုံကာ စကားများလဲပြောလိုက်ကြတာ ၊ ချက်ချင်းဆိုသလို ကျော်က ဖန်ခွက်လှလှလေးကိုကိုင်ကာအနားမှာထွက်သွားပြီး Bar ကောင်တာမှာ အရက်စပ်ပေးနေသေးသည်။
သက်နောင်ရှိသည့်ဘက်ကို မသိမသာလက်ညှိုးနှင့်လက်မကို OK ပုံသဏ္ဍာန်လုပ်ပြကာ ထက်မြတ်အနားကိုပြန်လျှောက်သွားပြန်သည်။
OKပြီဆိုလျှင်ပြန်လာလို့ရပါလျှက်နှင့်ဇာတ်လမ်းတွေထပ်စက်နေသည့် ကျော့်ကို သက်နောင်စိတ်ဆိုးချင်လာပြီ။

Commando🍁(Complete)Where stories live. Discover now