P - 36🍁{Unicode}

418 29 6
                                    

Unicode

အခန်းတံခါးရှေ့မှာမတ်တပ်ရပ်နေတဲ့အသက်၅၀နီးပါးအမျိုးသမီးတစ်ယောက်ဟာ
ပုံစံအနေအထားနဲ့ဝတ်ဆင်ထားသောအဝတ်အစားများကိုကြည့်ရုံနှင့်အထက်အတန်းကျကျ ၊အိန္ဒြေသိက္ခာကြီးမားသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသိနိုင်သည်။
နှင်းဆီပွင့်အကြီးကြီးတွေနှင့် ပုံဖော်ထားသော ခရမ်းနုရောင် ပိုးထည်ဝမ်းဆက်နဲ့ထိုအမျိုးသမီးဟာ သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ကိုက်ညီစွာ ချပ်ချပ်ရပ်ရပ်ဆင်ယင်ဝတ်ဆင်ထားသည်။

ညီ နဲ့မျက်နှာဆင်တူသယောင်ဖြစ်ပေမယ့် ထိုအမျိုးသမီးက ကျက်သရေ ရှိသောအလှပါပေါင်းစပ်ထားတော့ ပိုမိုချောမောလှပနေသည်။

ညီ့ဘက်တစ်ချက်လှည့်ကြည့်လိုက်တော့ အမေးရှိနေတဲ့နှုတ်ခမ်းလေးတွေက ပွင့်ဟလျှက်သားမလှုပ်မရှက် မတ်တပ်ရပ်နေသည်။

"သား ညီစေ "

"မာ မာမီ ဟုတ် ဟုတ်တယ်မလား သားမာမီဟုတ်တယ်မလား"

"သားရဲ့မာမီဟုတ်မဟုတ် အနားလာကြည့်လေ "

ထိုအမျိုးသမီး အင်းးညီ့နှုတ်က မာမီလို့ခေါ်လိုက်တာဆိုတော့ ညီ့ရဲ့မာမီဖြစ်သည့် အမျိုးသမီးဆီက အနားလာကြည့်လို့ခေါ်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်တော့ အမေ့တွေ့သွားတဲ့ကလေးလေး ညီက သူ့မာမီရဲ့ရင်ခွင်ဆီကို ခြေလှမ်းကျဲကြီးများနဲ့ အမြန်လျှောက်သွားပြီး သူ့မာမီရဲ့တစ်ကိုယ်လုံးကို အပြန်ပြန်အလှန်လှန်ကြည့်နေပြီး ရင်ခွင်ထဲခိုလှုံကာ  ငိုကျွေးတော့သည်။

"သားက ပိုထွားပြီး ပိုချောလာတယ်နော် "

"မာမီ ...အင့်....သားဆီအပြီးပြန်လာတာလား .......သားကအရမ်းလွမ်းနေတာ"

၆ပေရှိတဲ့ အရပ်ကြီးမှအားမနာ ခါးကြီးကိုင်းပြီးသူ့မာမီရဲ့ရင်ခွင်ထဲအတင်းဝင်ပြီး ကလေးတစ်ယောက်လို ရှိုက်ငိုနေသေးသည်။ ခါးမှာဖက်တွယ်ထားတဲ့လက်တွေဟာလဲ လက်နှစ်ဖက်ကိုမတင်းကျပ်ထားမိလျှင် လွတ်ထွက်သွားမှာစိုးသည့်အလား အတင်းအကျပ်ဖက်တွယ်ထားသည်။

ညီစေအနေနဲ့ အခုချိန်သူ့ရှေ့မှာရှိနေတဲ့ မာမီရင်ခွင်ငွေ့ကိုခိုလှုံလိုက်ရတာနဲ့ အရာရာအေးချမ်းသွားသည့်ခံစားချက်က ဟိုးအရင်ငယ်ရွယ်စဥ်ကတည်းကအတိုင်း အခုချိန်မှာလဲ မာမီရင်ခွင်ကသူ့အတွက် နွေးထွေးလုံခြုံနေဆဲဖြစ်သည်။

Commando🍁(Complete)Where stories live. Discover now