P - 39 🍁

303 27 12
                                    

Zawgyi

"သြော ဘုန်းဆက်လာပြီလား"

"မလာသေးဘူးဗျ ပြီးသွားတာမကြာသေးဘူး"

"အမ်! "
ဘုန်းဆက်ပြန်ပြောလိုက်တဲ့စကားကြောင့် ကိုသက်နောင်က ကြောင်အအနဲ့စဉ်းစားနေသလိုလုပ်နေရင်းမှ နားလည်သွားသလို တဟားဟားနဲ့အော်ရယ်​တော့သည်။

"ဘုန်းဆက်ရှိန်ဝါကလဲ စနောက်တတ်သားပဲ ညီစေကော ဘယ်ကျန်ခဲ့လဲ"

"Kristကပန်းစည်းဝယ်ပေးပါဆိုလို့မင်းထက်နဲ့သွားတယ်"

စားပွဲခုံရှည်တစ်ခုပဲရှိပြီး  လျှောက်လမ်းမှာတော့
နှစ်ဉီးသားခင်မင်ခဲ့တဲ့အချိန်မှစလို့ ချစ်သူဖြစ်ချိန်ထိအတူရိုက်ကူးထားသောဓာတ်ပုံများနှင့်မီးသီးရောင်စုံချိတ်ဆွဲထားပြီးအလှဆင်ထားသည်။
တစ်ချို့ပုံတွေဆိုလျှင်Logoသင်တန်းမှာ ၄ယောက်သားရိုက်ထားတဲ့ပုံတွေကနေ နှစ်ယောက်တည်းကိုသာကွက်ပြီးဖြတ်ထားတဲ့ပုံများလဲပါသည်။တစ်နေ့လုံး ပြင်ဆင်ထားပြီး ခုမှသာလှလှပပလေးဝတ်ပြီးထိုင်နေရတာ ၊
လက်ထပ်ခွင့်တောင်းမည့်ကာယကံရှင်ကတော့ ရော့ အင့်ဆိုပြီးအကုန်ပေးချထားခဲ့ပြီး မာန်ပြည့်လက်ကိုဆွဲကာဘယ်ဆီကိုထွက်သွားသည်မသိ၊

ကိုသက်နောင်နဲ့ ကိုကြီးအောင်ဆိုသူထိုင်နေတဲ့ခုံနဲ့ခပ်လှမ်းလှမ်းမှာသာဝင်ထိုင်လိုက်ပြီး စားပွဲပေါ်ကဖျော်ရည်၊အရက်များစွာနဲ့ အကင်များအသီးများ၊အသားအစုံနှင့်စားစရာအစုံအလင်ကိုချထားသည်၊ ဖျော်ရည်တစ်ခွက်ကိုသာယူသောက်လိုက်ရင်း သူ့နဲ့ ညီ့အလှည့်ကျရင်ကော ဘယ်လိုပုံစံလေးပြင်ဆင်ပြီး လက်ထပ်ခွင့်တောင်းရမလဲဆိုတာကိုစိတ်ကူးယဉ်နေရင်းသာ ညီတို့ကိုစောင့်နေလိုက်သည်။

🍁🍁🍁🍁🍁

"Kristဆိုတဲ့ကောင် အားကြီးပုံကြီးချဲ့တာ.. ကိုယ့်ဘာသာနဂိုကတည်းကဝယ်မလာဘူး ငါတို့ကိုခိုင်းစားဖို့လောက်ပဲတွေး​နေတဲ့အကောင်"

ဆိုင်ကယ်နောက်ကထိုင်လိုက်ပြီးပေါက်ပေါက်ဖောက်နေတဲ့မင်းထက်က Kristကိုလမ်းတောက်လျှောက်မေတ္တာပို့နေသည်။
သူကသာမေတ္တာပို့နေတာ ဒီအချိန်Kristဆိုတဲ့ကောင်က မာန်ပြည့်ရဲ့မျက်နှာလေးကို တစ်စိမ့်စိမ့်စားမတတ်ဝါးမတတ်ကြည့်ပြီးသွားရေကျနေရှာမှာက မေးစရာတောင်လိုမည်မဟုတ်၊
ဒီလိုတွေသာပြောနေတာ သွားဝယ်မပေးဘူးလားဆိုတော့လဲမဟုတ်ဘူး ၊ ကိုကို့ကိုလိုက်ခဲ့ဖို့ခေါ်တော့ မင်းထက်ကအားနာလို့သူပဲလိုက်ခဲ့ပါ့မယ်ဆိုပြီး ကိုကို့ကိုထားခဲ့ပြီး သူ့တင်ခေါ်လာပါတယ်၊
သူ့သဘောနဲ့သူလိုက်လာပြီး နောက်ကနေ တစ်ကျည်ကျည်နဲ့ ၊

Commando🍁(Complete)Where stories live. Discover now