P - 28🍁

526 47 4
                                    

Zawgyi

ညအချိန် တာလမ်းမထက်မှာ
တိုက်တာအဆိုက်အဉီးတွေကိုယ်စီက ထွန်းထားတဲ့ရောင်စုံမီးတွေနဲ့ လမ်းမီးတိုင်တွေကြောင့် လမ်းမကြီးဟာအထီးကျန်မဆန်လှပဲ ပျားပန်းခတ်မှသွားလာနေကြတဲ့ကားတွေဆိုင်ကယ်တွေကြောင့် ဆည်ကားသိုက်မြိုက်နေပြန်သည်။လမ်းမထက်ကအရှိန်နှုန်းမြန်မြန်နဲ့မောင်းလာတဲ့ဆိုင်ကယ်အမြင့်အနက်ဘီးလေးမှာတော့ Jacket အနီဝတ်ထားတဲ့ကောင်လေးဟာ Jacket အနက်ဝတ်ထားတဲ့လူရွယ်ရဲ့ခါးကိုမြဲမြံစွာဖက်တွယ်ထားပြီး ကိုယ်သင်းနံ့ကိုပါတဝကြီးရှူသွင်းနေလေသည်။

"ထားသွားပြီထင်နေတာ "

နောက်ကျောဘက်ဆီကတိုးတိတ်သောအသံလေးကြောင့် ဘုန်းဆက်ရှိန်ဝါ ကျောကမတ်ခနဲဖြစ်သွားရခြင်းနှင့်အတူ ခြေထောက်ကလဲAutoဆိုင်ကယ်ဘရိတ်ကိုနင်းပြီးရပ်တန့်လိုက်သည်။

"ညီရယ်...."

ဆိုင်ကယ်ပေါ်ကနေဆင်းပြီးအနောက်ကခုံမှာထိုင်နေဆဲဖြစ်တဲ့ညီ့ရဲ့ခေါင်းလေးကိုရင်ခွင်ထဲဆွဲသွင်းပြီးတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။

"ညီရယ်...ကိုယ်ကဘာလို့ထားသွားရမှာလဲကွာ... ဘယ်လိုတောင်တွေးလိုက်မိတာလဲဟင်...

"ကိုကိုနဲ့အဆက်အသွယ်ပြတ်နေတာက ၂လလေ...ဘာမပြောညာမပြောနဲ့ပျောက်သွားတာဆိုတော့ Daddyနဲ့Mommyလိုပဲ ကျွန်တော်ဆိုးလို့ထားသွားတယ်ထင်နေတာ...

"ညီရာ..ကိုယ်မှားတာပါကွာ ကိုယ်ကဘယ်အခြေအနေပဲဖြစ်ဖြစ်ညီ့ကိုထားမသွားဘူးဆိုတာ ညီ့နှလုံးသားထဲမှာမှတ်ထားနော် အခုက ကိုကိုရဲ့မွေးစားMommyအရေးပေါ်အခြေအနေရောက်ပြီးဆေးရုံတက်ရတယ်ဆိုလို့ ကိုယ်တောထဲကပြန်လာတဲ့လေယာဉ်ကဆင်းဆင်းချင်းတန်းသွားလိုက်ရလို့ပါ... လေယာဉ်ပေါ်မှာ ညီနဲ့မင်းထက်ပြောတာလဲကိုယ်ကြားလိုက်တယ်လေ Mission ၂လလောက်သွားရမယ်ဆိုတော့ ကိုယ်လဲဖုန်းမခေါ်ဖြစ်တော့တာပါ...

"ကိုကို Mommyအခုသက်သာပြီလား "

အရက်တွေသောက်ထားတဲ့အရှိန်ကြောင့်အသံတိုးတိုးလေးနဲ့မေးလာတဲ့ညီ့ရဲ့အသံလေးက ဘုန်းဆက်ရင်ကိုမချိအောင်ခံစားရသည်။ဒီကောင်လေး အရမ်းဝမ်းနည်းနေရှာမှာပေါ့... ကိုယ်က ကတိမတည်လိုက်တာညီရယ်၊ ညီ့ကိုပျော်ရွှင်မှုနဲ့ချစ်ခြင်းတရားတွေကိုပဲပေးအပ်မယ်လို့ကတိပေးထားပြီးကိုယ့်ကြောင့်ဘဲညီ့မျက်ရည်တြွေဖစ်ထွန်းနေရတယ် ။စိတ်ချနေပါညီရယ် ညီ့အတွက်ဆို ကိုယ့်အသက်ကိုပေးအပ်ရမယ်ဆိုရင်တောင်ကိုယ်ကပေးအပ်ဖို့အဆင်သင့်ဖြစ်နေမယ့် အချစ်မျိုးနဲ့ညီ့ကိုချစ်တာမလို့ ကိုယ်ကမင်းကိုထားသွားတယ်ဆိုတာမျိုးဘယ်တော့မှမတွေးပါနဲ့တော့ကွာ...

Commando🍁(Complete)Donde viven las historias. Descúbrelo ahora