P - 25🍁

495 51 4
                                    

Zawgyi

ဒီနေ့ ကိုကြီးအောင်ရဲ့"Guys "Barမှာ စုံဖို့မှာထားကြလို့ မင်းထက်တစ်ယောက် အပြတ်ကိုရှိုင်းနင်းဂွိုင်းနင်းလုပ်နေတာဖြစ်သည်။

အခုတစ်ခေါက်ကလက်နှက်မှောင်ခိုဂိုဏ်းတစ်ခုကိုအပြတ်ရှင်းရတာဆိုတော့ လွယ်ကူတဲ့Missionတစ်ခုတော့မဟုတ်ခဲ့ပါဘူး ၊
ညီစေနဲ့မင်းထက်က ခေါင်းဆောင်ရဲ့လူယုံဖြစ်အောင်အတော်လေးကြိုးစားပေးခဲ့ရတယ် အဲ့အချိန်မျိုးတွေဆိုရင် လူ့အသက်ကိုကြက်ကလေးငှက်ကလေးသတ်သလိုသတ်ပြခဲ့ရသေးတာ၊ Kristနဲ့မာန်ပြည့်က လက်နှက်တွေဘယ်ကဝင်လာလဲဆိုတဲ့အကြောင်းကိုသိအောင်လုပ်ပြီးမှ ညီစေတို့ကိုသတင်းပို့ပြီး အချက်အလက်အစုံသက်သေအစုံရပြီဆိုမှ Logoကအဖွဲ့ကိုထပ်ခေါ်ပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးကိုအပြတ်ရှင်းပြစ်ခဲ့ရသည်။

အထက်ကိုသတင်းတွေလဲတင်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင်ကိုလဲ ရဲလက်အပ်ခဲ့ပြီးပြီဖြစ်သည်။
အကုန်လုံးပြီးသွားတော့ အချိန်က နှစ်လလောက်ကုန်ဆုံးသွားသည်။
ဒီကြားထဲ အပျော်လဲမရှာခဲ့ရပဲ အလုပ်ပဲခေါင်းထဲထည့်ခဲ့ရတာ၊ဒီနေ့တော့ "Guys"ကိုသွားပြီး စိတ်ကြိုက်ပျော်ပါးပြစ်ဖို့အတွက် အကုန်လုံးစုံရန်ချိန်းထားသည်။

T-shirtလက်ရှည်အပြာနုကို ဘောင်းဘီဂျင်းအပြာရင့်နဲ့တွဲဝတ်ပြီး နဂိုချောမောပြီးတည်ကြည်ခန့်ညားလှတဲ့မျက်နှာကို အနည်းငယ် ပြင်ဆင်လိုက်တော့ လူတွေပါးစပ်ဖျားမှာ ရေပန်းစားလှတဲ့ "မေးရိုးထင်းထင်းနဲ့အကိုကြီးမင်းထက်"က လုံဝပြည့်စုံနေပြီ ၊  လေးယောက်သားဆင်တူအရောင်ကွဲဝယ်ထားတဲ့နက်ပြာရောင် ပြိုင်ကားလေးကိုမောင်းပြီး ​ညနေခင်းနေရောင်ခြည်လေးနဲ့အတူ သီချင်းအေးအေးလေးညည်းရင်း Guysကိုမောင်းလာခဲ့လိုက်သည်။

Kristနဲ့မာန်ပြည့်ကလဲ ချစ်သူဖြစ်တာ နှစ်လလောက်ရှိပြီဆိုတော့ ဘယ်သွားသွားသူတို့အတွဲကတော့တစ်တွဲတွဲပဲ ၊အခုလဲသူတို့ဘာသာလာမှာသေချာနေသည် ....

Bar ရဲ့ကားပါကင်မှာကားရပ်ခဲ့ပြီး Memberကဒ်ပြပြီး အတွင်းကိုဝင်လာတော့ Krist ၊မာန်ပြည့်နဲ့အတူ Logoတည်ထောင်သူ ကိုသက်နောင်တို့က အက ကြမ်းပြင်ကိုထိုင်ကြည့်နိုင်တဲ့နေရာက စားပွဲမှာထိုင်နေကြသည်။
ညီစေတော့မရောက်သေးဘူး အိပ်ယာမနိုးသေးလို့လား မသိဘူး... ညီစေဆိုတာချိန်းထားတဲ့အချိန်ထက်ပိုစောပြီး ဖုန်းလေးတစ်ချက်လောက်ခေါ်ပြီး လောဆော်မှအချိန်ကိုက်ရောက်လာတတ်တာမျိုးလေ...

Commando🍁(Complete)Where stories live. Discover now