P - 45 🍁

240 21 7
                                    

Zawgyi

အဆောက်အဉီးရှေ့ ကားရပ်သံကြောင့်အပြေးအလွှားသွားကြည့်တော့  ကားတစ်ခါးကို အကြမ်းပတမ်းဆွဲဖွင့်ကာ ဒေါသတရှူးရှူးနှင့် ထွက်လာသည်က Krist ၊
အကုန်လုံးဆင်းလာပြီးနောက်ဆုံးမှ မျက်နှာမသာမယာနှင့်ကိုသက်နောင်ကို တွေ့ရသည်။

"ကိုသက်နောင် ..ဘာဖြစ်လာတာလဲ...အဆင်ပြေခဲ့ရဲ့လား "

"အဆင်ပြေပါတယ် Zeus ၊ ဟင်းးးး... မထင်မှတ်ထားတာတွေ ဖြစ်ခဲ့တယ် Zeus ...အကိုနဲ့ အစည်းဝေးအခန်းထဲရောက်မှ ပြောကြတာပေါ့ "

ကိုသက်နောင်ရဲ့ ခြေလှမ်းလေးဖင့်ဖင့်တွေနောက်မှလိုက်သွားရာ အခန်းထဲရောက်တော့ မျက်နှာမသာမယာနဲ့ ကိုသက်နောင်ကိုကြည့်ရသည်မှာ အတော်လေး အဆင်မပြေလှမှန်းသိသာစေသည်။

"Zeus ... Dragonရဲ့ တည်နေရာကို သိခဲ့ရပြီ "

"ဗျာ!! ညီ ...ညီ့ရဲ့တည်နေရာကိုသိခဲ့ရပြီ.. ဟုတ်လား!. ဘယ်မှာလဲ!! ညီက ဘယ်မှာလဲ !!သိရပြီဆိုရင် သွားဖို့ပြင်ကြစို့လေ!!.."

"ဖြေးဖြေးပေါ့ Zeus ရာ ၊ တည်နေရာလဲသိခဲ့ရပြီ၊သက်သေအထောက်အထားတွေလဲ လက်ထဲရလာခဲ့ပြီ... ဉီးကောင်းမြတ်ကို အရှင်လတ်လတ် ဖမ်းပြီးမရေခွံစုတ်ဖို့ပဲကျန်တော့တာပါကွာ !!"

"ဟာ !...ဘာပဲဖြစ်ဖြစ်လေ ... တည်နေရာလဲသိနေတယ်၊ သက်သေတွေလဲရနေမှတော့ ဘာကိုစောင့်နေရအုံးဖို့လဲ!!..အခုပဲသွားတာ ပိုမကောင်းဘူးလား!.. ညီ့အတွက် တစ်စက္ကန့်လေးကအစ အသက်အန္တရာယ်အတွက် အရေးကြီးနေတာကို ဘာကိုစောင့်ဆိုင်းနေရမှာလဲ !!.."

ကိုသက်နောင်က တည်ငြိမ်စွာပြောဆိုနေသလောက် Zeusကတော့ ညီ့ရဲ့တည်နေရာကိုသိရပြီဆိုသည်နှင့် စိတ်လှုပ်ရှားလာကာ စဉ်းစားဆင်ခြင်ဉာဏ်က မဲ့,ရပြန်သည်။စိတ်လှုပ်ရှားမှုကို ခဏမျှတည်ငြိမ်သွားအောင်ထိန်းချုပ်ပြီးမှ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမည်ဆိုတာကို သူသိပါသည်။ ညီနှင့်ပတ်သတ်လျှင် စဉ်းစားဉာဏ်ကော အသိစိတ်ပါလွတ်တာက သူ့ရဲ့အားနည်းချက်ပဲပေါ့...

"အခုက ၁၀နာရီတောင်ခွဲနေပြီလေ ... နောက်ထပ် နာရီပိုင်းလောက်စောင့်ပြီးရင် အရာရာပြင်ဆင်ပြီးရင် သွားကြတာပေါ့ "

Commando🍁(Complete)Where stories live. Discover now