Chapter 1

38K 2K 49
                                    

Scroll down for Zawgyi^^

(Unicode)
"ထုန်မိသားစုရဲ့ သားအငယ်ဆုံးလေးက omega တဲ့။ အဲ့ကောင်လေးက လူမှုဆက်ဆံရေးကောင်းပြီး အရည်အချင်းရှိတယ်လို့လည်း ကြားတယ်။
နည်းနည်းလေး ငယ်ပေမဲ့ တော်တော်လေးကို စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်ဆိုပဲ.... အမေကတော့ အဲ့ကလေးက မင်းအတွက် အရမ်းသင့်တော်တယ်လို့ ထင်တယ်"

လင်ယွဲ့ဟွာက ထူးထူးခြားခြား ကျိုးရှန့်မင်ကို သူ့ဆီလာဖို့ခေါ်ကာ ရှည်လျားသည့် စကားဝိုင်းကို ဦးဆောင်ပြီးနောက် နောက်ဆုံးမှာတော့ သူပြောချင်နေတဲ့ အဓိက လိုရင်းကိုပြောလိုက်သည်။

"မင်းကငယ်တော့တာလည်းမဟုတ်ဘူး အမေလည်း မင်းကို ကူညီစီစဉ်ပေးနိုင်မှာမဟုတ်တော့ဘူးလေ၊ တစ်သက်လုံး မင်းရဲ့အလုပ်ကိုပဲ လက်ထပ်ပြီးနေသွားလို့မှ မရတာ မဟုတ်ဘူးလား"

ကျောင်းပြီး ဘွဲ့ရပြီးလို့ အလုပ်ခွင်ဝင်နေတာဖြင့် ဘယ်နှနှစ်တောင်ရှိနေပြီလဲ၊ သူ့အမေက သူ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ တစ်ခါမှ ဝင်မပါဖူးဘူးလေ။ ကျိုးရှန့်မင် ခေတ္တတုန့်ဆိုင်းသွား ပြီး အမေဖြစ်သူကိုမေးလိုက်သည်။

"အမေက ကျွန်တော် နောက်ကျမှ အိမ်ထောင်ကျမှာကို စိတ်ရင်းနဲ့စိုးရိမ်နေတာလား ဒါမှမဟုတ် ဒီတိုင်း ထုန်မိသားစုက တစ်ယောက်ယောက်နဲ့ ကျွန်တော့်ကို လက်ထပ်စေချင်နေတာလား"

သူတို့သားအမိနှစ်ယောက်က ပွင့်လင်းကြသည်ပင်ဖြစ်ရာ လင်ယွဲ့ဟွာသည် ကွေ့ဝိုက်မနေတော့ပဲ ရှင်းရှင်းလင်းလင်း ပြောချလိုက်တော့သည်။

"ထုန်မိသားစုကတစ်ယောက်ယောက်နဲ့ မင်းက သေချာပေါက်ကို လက်ထပ်ရမှာပဲ ဒါပေမဲ့ မင်းက အိမ်ထောင်မပြုဖြစ်ပဲ တစ်သက်လုံး လူပျိုကြီးဖြစ်သွားမှာကိုလည်း အမေစိတ်ပူတယ်လေ။ တကယ်လို့ မင်းသာ ထုန်ရန့်ကို လက်ထပ်ယူလိုက်ရင် ကိစ္စနှစ်ခုလုံးကို အမေစိုးရိမ်နေစရာမလိုတော့ဘူးပေါ့"

ကျိုးရှန့်မင်ရဲ့ အဖေဖြစ်သူ ကျိုးကျန့်သျဲသည် အနုပညာကို နှစ်သက်ခုံမင်သူဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ခြင်းသည် ဘယ်တုန်းကမှ သူ့နှလုံးသားထဲတွင်နေရာမရှိခဲ့ပေ။ သို့သော် သူ၏ မျိုးဆက်တွင်မူကား သူသည် တစ်ဦးတည်းသော အမျိုးသား Alpha ဖြစ်ခဲ့သောကြောင့် နောက်ဆုံးတွင်မူ တွန့်ဆုတ်စွာဖြင့်ပင် မိသားစုပိုင်စီးပွားရေးလုပ်ငန်းများကို လက်လွှဲယူခဲ့ရသည်။ သူ့အသက် ၂၅နှစ်တွင် လင်ယွဲ့ဟွာနှင့် လက်ထပ်ပြီးနောက် အိမ်ထောင်စုကိစ္စအဝဝကို လင်ယွဲ့ဟွာထံသို့ အကုန်အပ်၍ သူကိုယ်တိုင်ကမူ လုပ်ငန်းဆိုင်ရာကိစ္စများကို ဆက်လက်မတွေးတော မလုပ်ကိုင်တော့ပါချေ။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now