Chapter 38

3.3K 613 24
                                    

Please scroll down for Zawgyi

(Unicode)

ချိုင်မန့်မန့်က မယုံသင်္ကာဟန်ပြလာသောအခါ ထုန်ရန့်မှာ ကူကယ်ရာမဲ့သွားကာ
"ငါနင့်ကို လိမ်ဖူးလို့လား"

ချိုင်မန့်မန့် : "ဟင့်အင်း"

"ဒါတောင် နင်ကငါ့ကို မယုံသေးဘူး? တစ်ခါတစ်လေဆို အညွှန်းစာအုပ်ထဲမှာပါတဲ့ဟာတောင် ဖတ်နေရင်းနဲ့ လည်နေတတ်တာ သူက"

ထုန်ရန့်က ကျိုးရှန့်မင်၏ "အဲ့လောက်ကြီးလည်း တော်မနေပါဘူး" ဆိုသည့်အကြောင်းကို ဆက်လက် ဖောက်သည်ချလာခြင်းဖြစ်၏။
"Phantom Cityရဲ့ အမိုးပဲ ဆက်ဖို့ကျန်တုန်းက ငါသူ့ကို အမိုးဆက်ခိုင်းလိုက်တယ်၊ ဒါပေမဲ့ သူဘယ်လိုဆက်ရမလဲ မသိဘူး"

အတန်းဖော်နှစ်ဦးကြားရှိဆက်ဆံ​ေးမှာ အတော်လေးကို လျင်လျင်မြန်မြန် တိုးတက်လာခြင်း၏ အဓိက အကြောင်းရင်းမှာ နှစ်ဦးလုံးက Lego စိတ်ဝင်စားသူများဖြစ်သောကြောင့်ပင်။ ချိုင်မန့်မန့်က မေးလာ၏။
"တကယ်လား"

ထုန်ရန့် : "တကယ်မဟုတ်ပဲ လုပ်ပြောနေလို့ ငါင ဘာအကျိုးအမြတ်ရမှာမို့လို့လဲ? ပြီးတော့ ငါကသူ့ကို အရမ်းသဘောကျတယ်လေ..အဲ့တော့ ပေါက်ကရလျောက်ပြောနေစရာအကြောင်းမရှိဘူး"

"…"

ချိုင်မန့်မန့် ထုန်ရန့်အား အရှုံးပေးလိုက်တော့သည်။

အမှန်တော့ ကျိုးရှန့်မင်က Legoအကြောင်း တစ်ခုမှ မသိခြင်းကလည်း သူမအား ကျိုးယှန့်မင်ကို မလေးစားအောင် မလုပ်နိုင်ချေ။ သူမ ကျိုးရှန့်မင်ကို ဦးထိပ်ထားရခြင်းမှာ သူ့၏ စီးပွားရေးဆိုင်ရာ အောင်မြင်မှုများကြောင့်ဖြစ်ကာ Legoများနှင့် လားလားမျှမသက်ဆိုင်ချေ။

ဖြစ်နိုင်တာက သူနဲ့ Legoကြားတွင် ဆက်စပ်မှု သေးသေးလေးသာရှိပုံပေါ်၏။ မည်သို့ပင်ဖြစ်စေ သူမ၏ အတန်းဖော်လေး၏ ရှိရှိသမျှ Lego set တိုင်းကို ဤဘဲကြီးက ဝယ်ပေးထားတာမဟုတ်ပေလား။

ချိုန်မန့်မန့် ရုတ်တရက် အလန့်တကြားမေးလာသည်။
"နင် Phantom City ဝယ်လိုက်တယ်?"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now