Chaper 24 [Part 1]

3.8K 797 37
                                    

Please scroll down for Zawgyi

(Unicode)

ကျိုးရှန့်မင်က ပြန်မဖြေချေ။ စောင်ပါးကို အနည်းငယ်ဆွဲတင်ပြီး ထုန်ရန့်၏ ပုခုံးထိရောက်အောင်ခြုံပေးလိုက်သည်။ ထုန်ရန့်က ဒီထက်ပိုပြီး ကျိုးရှန့်မင်အနားထပ်တိုးလိုက်သောကြောင့် ထုန်ရန့်၏ ပွယောင်းယောင်းဆံနွယ်တို့မှာ ကျိုးရှန့်မင်၏ မေးစေ့ကို ပွတ်တိုက်သွားရ၏။ ဒီတစ်ခါတော့ ထုန်ရန့်က နည်းနည်းစိတ်ထိခိုက်နေသောလေသံဖြင့် မေးလိုက်သည်။
"ကျွန်တော်တို့က ကွာရှင်းမှာလားဟင်"

ကျိုးရှန့်မင် : "ဘာလို့ ရုတ်တရက်ကြီး လာမေးတာလဲ"

ထုန်ရန့် : "မေးလို့မရဘူးလား"

ကျိုးရှန့်မင် : "သေချာပေါက်ကိုရတာပေါ့…ဒီတိုင်း..ဒီအချိန်မှာ လာမေးလာမယ်လို့ မထင်ထားခဲ့တာ"

သူတို့နှစ်ဦးမှာ အလွန် ပူးကပ်နေခဲ့ကြပြီး ထုန်ရန့်က ကျိုးရှန့်မင်၏ ရင်ခွင်ထဲတွင် ကျုံ့ကျုံ့လေးဖြင့် တစ်သားတည်းဖြစ်နေသည်ဟုတောင်ထင်ရ၏။ ထုန်ရန့် ရှူထုတ်လိုက်သောလေနွေးနွေးမှာ ကျိုးရှန့်မင်၏ လည်ပင်းကို မှန်မှန် ရိုက်ခတ်နေလျက်ရှိပြီး ထုန်ရန့်၏ နဖူးမှာ ကျိုးရှန့်မင်၏ မေးအောက်ပိုင်းနှင့် လည်ပင်းကို ရံဖန်ရံခါ ပွတ်တိုက်နေ၏။

စံပယ်ပန်းနံ့သင်းသင်းမှာ အခန်းထဲတွင် နေရခက်ခြင်းအလျင်းမရှိသကဲ့သို့ ပျံ့နှံ့ဖုံးလွှမ်းလာပြီး alphaဖြစ်သူက ထုန်ရန့်၏မထင်မှတ်ပဲဖြစ်ပေါ်လာသော သူ့ပတ်ဝန်းကျင်ကို လွှမ်းမိုးအပိုင်သိမ်းသကဲ့သို့ဖြစ်နေသည့် ထုန်ရန့်၏ pheromoneနံ့များကို သဘောကောင်းကောင်းနှင့်ပင် အရှုံးပေးလိုက်သည်။

"ဘာကိုဆိုလိုတာလဲ" ထုန်ရန့်ကမေးလိုက်၏။

ကျိုးရှန့်မင် : "ကိုယ်တို့ လက်ထပ်ပြီးကာစကလေ၊ မင်းက တော်တော်လေးကို စိတ်ဝင်တစားမရှိပဲ မလိုလားခဲ့ဘူးမလား"

"မဟုတ်ပါဘူး!" ထုန်ရန့် ချက်ချင်း တုံ့ပြန်လိုက်ရသည်။
"မလိုလားတာမျိုးမဟုတ်ပါဘူး!"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Tahanan ng mga kuwento. Tumuklas ngayon