Chapter 11

4.9K 932 38
                                    

Please scroll down for Zawgyi ^^

(Unicode)

ကျိုးရှန့်မင်၏ ပုလဲလုံးလေးကတော့ နွားနို့သောက်ရင်းနှင့် စာဆက်ပို့နေလေသည်။ သူ့ဖုန်းမှာ ကျုံးကျင့်ယွီထံမှသာမက အတန်းဖော်သစ်များထံမှ messageများ ဝင်လာသံ ဆူညံနေပေသည်။

ထုန်ရန့်တတ်နေသည့် တန်းခွဲသစ်တွင် သတိပေးကဒ်ပြားဆွဲရသည့် omega သုံးယောက်ရှိသည်။ ထိုသုံးယောက်လုံးကို ပြတင်းပေါက်နှင့်နီးသော ခုံသုံးလုံးတွင် အတန်းပိုင်ဆရာမကထိုင်ခိုင်းသည်။ ထိုသုံးယောက်နှင့် တူတူထိုင်ကြသော ကျောင်းသားသုံးယောက်သည်လည်း betaများဖြစ်သည်။

အခြား omegaနှစ်ယောက်မှာ အထက်တန်းပထမနှစ်တည်းက ဒီအတန်း၌ တတ်ခဲ့ကြခြင်းဖြစ်ပြီး ထုန်ရန့်ကဲ့သို့ ကျောင်းမနားဖူးကြပါ။ ထုန်ရန့်အခြေအနေက ထိုနှစ်ယောက်ထက် ပိုဆိုးသော်လည်း အတန်းပိုင်က ထိုကိစ္စနှင့်ပက်သက်၍ဘာမှမပြောသောကြောင့် မည်သူမျှ သူ့ကို အထူးတလည် အာရုံမစိုက်ကြပေ။

ကျောင်းသားတိုင်းကတော့ သူ့ကိုသိကြသည်။ အထူးသဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း လူမှုကွန်ယက်search listများ၏ထိပ်ဆုံး၌ သုံးရက်ဆက်တိုက်ရှိနေခဲ့သော hot topicကြောင့်ဖြစ်သည်။ ကြည့်ရတာ သူတို့ မင်္ဂလာပွဲက နိုင်ငံတစ်ဝှမ်းက အာရုံများကို ဖမ်းစားနိုင်ခဲ့ပုံပင်။

မည်သို့ပင်ဖြစ်စေ သူ့အတန်းဖော်များက သတင်းထောက်များမဟုတ်ကြပါ။ ဒီနေ့က ပထမဆုံးနေ့ဖြစ်၍ မည်သူကမှ ထုန်ရန့်နှင့် ရင်းရင်းနှီးနှီးမရှိကြပေ။ တစ်နေ့လုံး ဘေးခုံက အတန်းဖော်မှအပ မည်သူမျှ ထိုသတင်းအကြောင်းမစပ်စုကြပါပေ။

ထုန်ရန့်နှင့် တူတူထိုင်သော အတန်းဖော်သစ်ကလည်း မိန်းကလေးပင်ဖြစ်သည်။ သူ့နာမည်က ချိုင်မန့်မန့်ဖြစ်သော်လည်း သူ့နာမည်သူ အသံထွက်ရာတွင် အနည်းငယ်တော့ အပိုလုပ်သည်။ အတန်းပြီးသည်နှင့် ဆရာမကို အော်နှုတ်ဆက်ရာတွင်လည်း တခြား ကျောင်းသားများထက် နှစ်ဆလောက်မြန်ပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ရက်တာ တူတူထိုင်ပြီးနောက် ထုန်ရန့်နှင့် ချိုင်မန့်မန့် ရင်းနှီးသွားသည်။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now