Chapter 8

5.5K 1K 40
                                    

Please scroll down for Zawgyi^^

(Unicode)

ထုန်ရန့်က ကျိုးရှန့်မင်ကို လာမကြိုဖို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့သော်လည်း နောက်ဆုံး၌ သူကပင်အရှုံးပေး၍ လာကြိုတာကိုလက်ခံလိုက်ရပေသည်။ ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်လို့ပဲ ပြောရလေမလား။

ကျိုးရှန့်မင်၏အိမ်ကို ပြန်ဖို့ အချိန်ကို ညဘက်အထိ ဆွဲဆန့်နိုင်ခဲ့ပါလျှင် ကောင်းလိမ့်မည်။ အမှန်ဆိုရလျှင် အကယ်၍ ထုန်ရန်းသာ မနက်ဖြန်အိမ်မှာရှိလျှင် သူ့ကို ညနေ ၅နာရီ ၆နာရီခန့်မှ ပြန်ပို့လောက်သည်။ အခုတော့ ကျိုးရှန့်မင်က နေ့လည်လာခေါ်မည်ဆိုသောကြောင့် နေ့ခင်းပိုင်း အစည်းအဝေးပြီးသည့် အချိန်၌ လာခေါ်မည်ထင်သည်။

ကျိုးရှန့်မင်က မနက်စောစောထပြီး အလုပ်စောစောသွားသောကြောင့် သေချာသည်မှာ သူ့ကို နေ့ခင်း ၁၂နာရီထက် နောက်မကျခင် လာခေါ်လိမ့်မည်။

သို့သော် ကျိုးရှန့်မင် စောစောလာခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ အရေးသိပ်မကြီးပေ။ အစ်ကိုဖြစ်သူထုန်ရန်းက အိမ်မှာရှိနေလျက်နှင့်ပင် အဝေးမှ ကျိုးရှန့်မင်ကို လာကြိုခိုင်းခြင်းက သူ့ကို အနည်းငယ်အရှက်ရစေပါသည်။

ထုန်ရန့်က လက်ထဲတွင် ဖုန်းကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ကျိုးရှန့်မင်သာ ဂရုစိုက်နားထောင်မနေပါက မကြားရလောက်မည့်လေသံဖြင့်ပြောလိုက်သည်။
"ကျွန်တော်…ကျွန်တော်လိမ်လိုက်တာ"

"ဟင်…?" ကျိုးရှန့်မင်က သူဤသို့ပြောမည်ကို မမျှော်လင့်ထားသလိုမျိုးဖြင့် အသံပြုသည်။

"ထုန်ရန်းကမနက်ဖြန်ဘာမှလုပ်စရာမရှိဘူး၊ သူကျွန်တော့ကို လိုက်ပို့လို့ရတယ်…ပြီးတော့ ကျွန်တော်လည်း နည်းနည်းနောက်ကျမှအိမ်ပြန်ချင်လို့၊ တမင်တကာလိမ်ပြောခဲ့တာမဟုတ်ပါဘူး"

ထုန်ရန့်ခေတ္တ တုန့်ဆိုင်းသွားပြီးမှဆက်ပြောလာသည်။ "တောင်းပန်ပါတယ်၊ နောက်ထပ်အဲ့လိုမပြောတော့ပါဘူး"

ကျိုးရှန့်မင်လည်း အတန်ကြာနှုတ်ဆိတ်နေသည်ဖြစ်ရာ ထုန်ရန့်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ထိုသူဘာပြန်ပြောမလဲဆိုတာကိုစောင့်နေမိသည်။ သို့သော် မျှော်လင့်မထားစွာဖြင့် ကျိုးရှန့်မင်က ခပ်ဖွဖွရယ်လိုက်ကာ စိတ်အနှောင့်အယှက်မဖြစ်သောလေသံဖြင့်ပြောလာသည်။
"အဲ့ဒါဆိုလည်းကောင်းပါပြီ၊ ထုန်ရန်းကမနက်ဖြန်လိုက်ပို့မယ်ဆိုတော့ ကိုယ်ဝင်မရှုပ်တော့ပါဘူး"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now