Chapter 39

3.5K 611 40
                                    

Please scroll down for Zawgyi

(Unicode)

သောကြာနေ့ည၌ ထုန်ရန့် သူ့အိမ်သို့ ပြန်ကာ ဖခင်ဖြစ်သူအား သူတို့နှစ်ဦးအကြောင်း အသိပေးမည်ဖြစ်ကြောင်း ကျိုးရှန့်မင်အား ကြိုပြောထားခဲ့သည်။ အစက ကျိုးရှန့်မင်က သူ့အား အဖော်ပြုပေးမည်ဟုပြောသော်လည်း ထုန်ရန့် အနည်းငယ် ရှက်ရွံ့သလိုခံစားလိုက်ရပြီး အဖော်ပြုပေးမည့်အဆိုကို ငြင်းပယ်လိုက်၏။

သူတို့နှစ်ဦးမှာ ထုန်ဗီလာ၏ ဂိတ်ပေါက်၌ ခွဲခွာရန် ပြင်နေကြသည်။ နောက်ဆုံးတော့ ထုန်ရန့် သူ့ကိုယ်သူ ပြနမလည် ထိန်းနိုင်သွားပြီး ကျိုးရှန့်မင်အား တွန်းထုတ်လိုက်ကာ မောမောပန်းပန်းဖြင့် နှုတ်ဆက်လိုက်သည်။
"ထပ်ပြီး နမ်းဦးမယ်ဆို ကျွန်တော့အဖေ အိမ်ထဲက ထွက်လာတော့မယ်"

ကျိုးရှန့်မင်၏ မျက်လုံးများမှာ နက်ရှိုင်းကာ ခပ်မြန်မြန်ပင် လက်ခံကြောင်း အသံပြုလိုက်ကာ သူ၏ စိုစွတ်နေသော နှုတ်ခမ်းများကို လက်ဖမိုးဖြင့် ဖိသုတ်လိုက်သည်။

သူ အိမ်၌ရှိစဉ်က သူ့အဖေအား ဖွင့်ပြောရန်မှာ လွယ်ကူသည်ဟု ထင်ခဲ့မိသော်လည်း အခု ထုန်လနချင်၏ ရှေ့မှောက်၌ ထိုင်နေ​ောအခါ ထုန်ရန့် သူ့ပါးစပ်ကို မဖွင့်နိုင်ချေ။

ထုန်လိချင်က ဘာလို့ ကျိုးရှန့်မင် အကြောင်းကို စကားမစတာလဲ? ပြီးခဲ့တဲ့ အပတ်ကကျတော့ ခဏခဏပြောနေပြီးတော့။ ဒီနေ့မှ ဘာလို့ သူ့ကို ဥပေက္ခာပြုနေရတာလဲ…။

ထုန်ရန့် အားမလိုအားမရဖြစ်နေ၏။

ညစာစားပြီးနောက် သားအဖနှစ်ယောက် ဘာမှပြောစရာမရှိသည့်အပြင် အသီးသီး အိပ်ရာဝင်ရန်လည်းစောလွန်းနေသေးသောကြောင့် ဧည့်ခန်းထဲ၌ တီဗွီတူတူ ထိုင်ကြည့်နေလိုက်ကြသည်။

တီဗွီဖွင့်လိုက်သောအခါ ထုန်ရန့် ကြည့်လက်စဖြစ်သော လူသားနှင့် စက်ရုပ် ဒရာမာက ပြလက်စဖြစ်နေကာ လုံးဝကို dramaticဖြစ်သည့် အထွဋ်အထိပ်၌ ရောက်နေပြီဖြစ်သည်။ လူသားက အရာအားလုံးကို စွန့်လွှတ်ပြီး သူချစ်ရသော စက်ရုပ်လေးနှင့် တူတူနေထိုင်လိုခဲ့သော်လည်း စက်ရုပ်မှာ မတော်တဆဖြင့် အချက်အလက် databaseအပိုင်းတစ်ခု ပျက်စီးသွားခဲ့ရပြီး သူတို့နှစ်ဦးကြားရှိ သံယောဇဉ်များကို မေ့သွားရုံသာမက သူ့databaseကို ကူညီပြုပြင်ပေးခဲ့သော အင်ဂျင်နီယာတစ်ယောက်နှင့်ပင် ချစ်ကျွမ်းဝင်သွား၏။ သူ၏ အရင်ချစ်သူမှာ အလွန်အမင်း စိတ်ပျက်သွားပြီး သူတို့နှစ်ယောက်လုံးအား အဆုံးသတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now