Chapter 36

3.9K 660 19
                                    

Please scroll down for Zawgyi

(Unicode)

နောက်တစ်နေ့ နေ့လည်တွင် ထုန်ရန်းက ထုန်ရန့်အား ကျောင်းလာကြိုသည်။ မတွေ့ရသည်မျှ နှစ်ပတ်ကျော်မျှ ရှိပြီဖြစ်ကာ နောက်ဆုံးတစ်ခေါက်တွေ့စဉ်က ဆောင်းဦးသာရှိသေးသော်လည်း ဒီတစ်ခေါက်ပြန်တွေ့ချိန်တွင် တကယ့် ဆောင်းရာသီဖြစ်နေခဲ့ပြီဖြစ်သည်။ လမ်းမီးတိုင်များ၏ ထိပ်တွင် နှင်းကွက်များရှိနေပြီး ထုန်ရန့်က ဒူးဆစ်နီးပါးရောက်သော ဂွမ်းအင်္ကျီထူထူကြီးကို ဝတ်ထားသောကြောင့် စောင်ပုံကြီးပတ်လာသလို ထင်ရပေသည်။

ထုန်ရန်းက လမ်းကြမ်းသုံးကားကိုမောင်းလာ၏။ ကားများနှင့် ပက်သက်ပြီး ထုန်ရန့် သိပ်စိတ်မဝင်စားသော်လည်း ကားက တော်တော်လေးကို ကြီးသောကြောင့် နည်းနည်းတော့ အထင်ကြီးသွားမိပြီး ကားကိုလည်း မြင်ဖူးနေသလို ခံစားလိုက်ရသည်။ သိပ်မကြာခင်၌ပင် ထုန်ရန်းမောင်းလာသောကားမှာ ပြီးခဲ့သည့်အပတ်က ကျိုးရှန့်မင်၏ မိဘများအိမ်၌ တွေ့ခဲ့ရသောကားနှင့် မော်ဒယ်တူတူပင်ဖြစ်သည်။

ထုန်ရန့်က မစဉ်းစားတော့ပဲ ပြောလိုက်သည်။
"ကျိုးရှန့်မင်အိမ်မှာ ဒီကားကို မြင်ဖူးတယ်"

ထုန်ရန်း၏ တုံ့ပြန်မှုက အနည်းငယ်တော့ ထူးဆန်းသည်ဟု တွေးမိလိုက်ပြီး ထုန်ရန့် ဆက်မေးလိုက်သည်။
"ဒါနဲ့ တူတူပဲမဟုတ်ဘူးလား? ကျိုးကျားရှောရဲ့ကားနဲ့လေ?"

ထုန်ရန်းက သူ့ကို မကြည့်ပဲ ပြန်ပြောလာ၏။
"ဘယ်သူ့ကို ကျိုးကျားရှောလို့ ခေါ်နေတာလဲ၊ မရီးလို့ ခေါ်ရမှာပေါ့"

"…"

ထုန်ရန့် ပြောလိုက်သည်။
"အဲ့တော့ ငါ့မရီးရဲ့ ကားကို မောင်းလာတာလား?"

ထုန်ရန်း : "ငါ့ကား"

ထုန်ရန့် : "အိုး.."

"ဘယ်မှာ စားချင်လဲ?" ထုန်ရန်းလမ်းညွှန်ကို ဖွင့်နေရင်းမေးလိုက်သည်။
"ဟော့ပေါ့ပဲလား?"

ထုန်ရန့် ခေါင်းညိတ်ပြလိုက်ကာ စာသောက်ဆိုင်၏ ဖုန်းကိုခေါ်လိုက်ပြီး စောင့်နေလိုက်သည်။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now