Chapter 30

4.1K 749 33
                                    

Please scroll down for Zawgyi

(Unicode)

ထုန်ရန့် သူ့မျက်နှာကို စောင်အောက်တွင် ဖွက်ထားပြီး ခေတ္တကြာသောအခါ ပူလာသောကြောင့် စောင်ကို ပြန်ဆွဲချလိုက်သည်။

အခန်းမီးတွေ ပိတ်ထားပြီး ကျိုးရှန့်မင်က ထုန်ရန့် ဖုန်းကိုကိုင်ကာ လက်ဖြင့် အပေါ်ဆွဲ အောက်ဆွဲဖတ်နေသည်။ ရှာထားသည်များ နည်းနည်းသာရှိသော်လည်း သူက ဖတ်နေဆဲဖြစ်၏။ ဖုန်းမှ အလင်းရောင်က ကျိုးရှန့်မင်၏ အမူအရာမဲ့သော မျက်နှာအား အလင်းပြန်သော်လည်း ထုန်ရန့် သူ့မျက်နှာအား မဖတ်တတ်ပါချေ။

"စိတ်ဆိုးသွားလား?" ကျိုးရှန့်မင်၏ ထင်းရှူးနံ့သင်းသော pheromoneများက ပုံမှန်လောက် မပျော့ပျောင်းတော့သောကြောင့် မေးလိုက်သည်။

"ဟင်?" ကျိုးရှန့်မင်က ဖုန်းကိုင်ထားသာ့် လက်တစ်ဖက်ကို ပေါင်ပေါ်သို့ပြောင်းလိုက်ပြီး ပြောလာ၏။
"မဆိုးပါဘူး၊ ဘာလို့ ဆိုးရမှာလဲ"

ထုန်ရန့် : "ဒါဆို ဘာတွေ တွေးနေတာလဲ"

ကျိုးရှန့်မင် ခဏလောက် စဉ်းစားလိုက်ပြီး
"ကိုယ်တွေးနေတာ..ကိုယ်တို့ အတူအိပ်လို့မရသေးဘူးလို့"

ထုန်ရန့်က သူငြင်းမည်ဆိုတာ သိပြီးသားပင်ဖြစ်၏။
"အိုခေ"

စွယ်စုံကျမ်း website ကို မပိတ်ခင်၌ ကျိုးရှန့်မင် ထုန်ရန့်bookmarkလုပ်ထားသည့် အဖြေအား နှိပ်လိုက်ပြီး deleteကို နှိပ်ဟန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် မဖျက်ပစ်ပဲ ထုန်ရန့် အိပ်ရာပေါ်ရှိ တခြားသော ခေါင်းအုံးတစ်ခုအောက်၌ ဖုန်းကို ထိုးထည့်လိုက်သည်။

ထို့ကြောင့် အခန်းထဲရှိ နောက်ဆုံးသော အလင်းရောင် အရင်းအမြစ်မှာ ပျောက်ဆုံးသွားရပြီး ထုန်ရန့် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်မှာ ကျိုးရှန့်မင်၏ ပုံပန်းသဏ္ဍာန်ဖြစ်ကာ အနည်းငယ် ဝိုးတဝါးဖြစ်နေသော မျက်နှာပင်ဖြစ်၏။

"ကျွန်တော်.."

ကျိုးရှန့်မင် : "ဘာလဲ"

ထုန်ရန့် : "ကျွန်တော် TV showတစ်ခုမှာလား၊ ရုပ်ပြစာအုပ်ထဲမှာလားမသိဘူး တွေးခဲ့တာရှိတယ်၊ စကားပုံတစ်ခု လို့ထင်တာပဲ...အကယ်၍ လူတစ်ယောက်က ငြင်းဆိုခံရပြီးတော့မှ အပိုလို့ထင်ရတဲ့ မေးခွန်း မေးတာကတဲ့..အာ.. အဲ့ဒါက သူတို့ဘက်က သေချာတယ်ဆိုတဲ့ သဘော ဆိုလား"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now