Chapter 7

5.7K 1K 9
                                    

Please scroll down for Zawgyi^^

(Unicode)

စနေနေ့ မနက်ခင်းတွင်  ဆေးရုံက ထုန်ရန့်ကို ဖုန်းဆက်ကာ ဆေးစစ်ချက်လာယူရန် သတိပေးသည်။

သူကျိုးရှန့်မင်နဲ့ အတူနေပြီး pheromone sensitiveဖြစ်မှုကို လျော့ချတဲ့ ကုသမှုခံယူနေတာ လဝက်တောင်ကျော်ပြီလေ။ ဒီလဝက်အတွင်း သူဘယ်လောက်ထိ ကျန်းမာရေးပိုကောင်းလာသလဲဆိုတာ ဆေးစစ်ချက်ပေါ်တွင်မူတည်နေသည်။ ထို့အပြင် တနင်္လာနေ့ ကျောင်းတတ်သောအခါ ကျောင်းကိုတင်ပြရန် ဆရာဝန်ထောက်ခံချက်လည်းလိုသေးသည်။ နောက်ဆုံးတွင်တော့ ဒါက သူ့ရောဂါကိုကုသဖို့ လက်ထပ်ရန်ဆုံးဖြတ်ချက် အခြားသော အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

ထုန်ရန်းကမူ မကြာသေးခင်ကမှ အလုပ်ခရီးတစ်ခုမှ ပြန်ရောက်ခြင်းဖြစ်ရာ ရက်ပိုင်းအတွင်း ဘာမှသိပ်လုပ်စရာမရှိပဲ ဤပိတ်ရက်များတွင် အိမ်၌သာကပ်နေလေသည်။ ဆေးရုံသွားရန် ထုန်ရန်း၏အကူအညီကို ထုန်ရန့်သေချာပေါက်မလိုအပ်သော်လည်း သူကလိုက်ပို့မည်ဆိုသောကြောင့် ညီအစ်ကိုနှစ်ယောက်အတူထွက်လာခဲ့ကြသည်။

ဆေးစစ်ချက်ရလဒ်က ထင်ထားသည့်အတိုင်းပင်ဖြစ်သည်။ ထုန်ရန့်ခံစားနေရသော pheromoneများသို့တုန့်ပြန်နိုင်စွမ်းပြင်းထန်သည့်ရောဂါမှာ တုန့်ပြန်မှုအလွန်ပြင်းထန်သည့်အဆင့်မှ  Class Bအဆင့်ထိ ကျဆင်းသွားသည်။ ဆရာဝန်က သူ့အား ကျောင်းတတ်နိုင်ကြောင်းထောက်ခံသည့် ထောက်ခံစာတစ်စောင်လည်းရေးပေးလိုက်းသည်။ သို့သော်လည်း သာမန်ကျောင်းသားများကဲ့သို့မဟုတ်ပဲ ထိခိုက်လွယ်သော ကျောင်းသားတစ်ယောက်အဖြစ်သာဖြစ်သည်။ လုံးဝမပျောက်ကင်းခင်အချိန်အထိ သူ့လုံခြုံရေးနှင့် နှောင့်ယှက်ခံရမှုကင်းဝေးစေရန်အတွက် ကျောင်းကဲ့သို့ လူအများသွားလာကြသောနေရာများသို့ထွက်သောအခါ သတိပေးကဒ်တစ်ခုကိုဝတ်ဆင်ရန်လည်းလိုအပ်ပေသည်။

ဆရာဝန်နှင့်တွေ့ပြီးနောက် နှစ်ဦးသား ဆေးရုံမှ ထွက်လာကြသည်။ ထုန်ရန်းက ဖိုင်ထဲရှိ စာရွက်အချို့ကိုလှန်ကြည့်နေသည်။ ညီဖြစ်သူအတွက်လည်း အလွန်ပျော်နေကာ မထိန်းလိုက်နိုင်ပဲ ပြောလိုက်မိသည်။
"အားလုံးပြီးဆုံးတော့မယ် ငါ့ညီကလေးလေး။ ဒီလက်ထပ်ပွဲက လုံးဝအကျိုးမရှိတာတော့မဟုတ်ဘူးပဲ"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Unde poveștirile trăiesc. Descoperă acum