Chapter 9

5.2K 995 18
                                    

Please scroll down for Zawgyi ^^

(Unicode)

ကျိုးရှန့်မင်က ရုတ်တရက် ထိုသို့ထပြောသောအခါ ထုန်ရန့်တစ်ယောက် မျက်စိလည်သွားတော့သည်။ "ဟင်…ဘာကို"

ထုန်ရန့်၏ မျက်တောင်များမှာ မျက်ရည်များဖြင်စိုစွတ်ဆဲပင်ဖြစ်ပြီး မျက်လုံးလှလှလေးများမှာ မျက်ရည်ကြည်လွှာတစ်ထပ်ဖြင့် ဖုံးအုပ်ထားခြင်းခံထားရပြီး အနည်းငယ် အူကြောင်ကြောင်ရုပ်လေးပေါက်နေသော်လည်း ချစ်ဖို့ကောင်းနေသည့်အချက်ကိုတော့ ငြင်းပယ်၍မရပေ။ ကျိုးရှန့်မင်က မျက်ရည်များကို သုတ်ပေးလိုက်ပြီး
"မင်းရဲ့ pheromoneတွေကို သေချာမအုပ်ထားနိုင်ရင် အခုလက်ရှိ မထိန်းချုပ်နိုင်သေးတဲ့ပုံစံမျိုးနဲ့ဆို အန္တရာယ်ရှိတဲ့အခြေအနေတွေဖြစ်လာနိုင်တယ်လေ"

ထုန်ရန့်က တအံ့တဩမေးလိုက်သည်။
"အနံ့ထွက်နေလို့လား"

ကျိုးရှန့်မင်က ခေါင်းညိတ်ပြလိုက်ပြီး ထုန်ရန့်အနားအနည်းငယ်တိုးလာကာ နှာခေါင်းတစ်ချက်ရှုံ့၍ ပြောလိုက်သည်။
"စံပယ်ပန်းနံ့သင်းသင်းလေးလိုပဲ"

တစ်စုံတစ်ယောက်၏ pheromoneနံ့ကို ချီးမွမ်းလို၍ဖြစ်စေ ဝေဖန်လို၍ဖြစ်စေ ပြောဆိုခြင်းသည် အမှန်စင်စစ်တွင်တော့ မယဉ်ကျေးသည့်အပြုအမူတစ်ခုဟုဆိုနိုင်ပေရာ ထိုစကားပြောပြီးနောက် ကျိုးရှန့်မင် ချက်ချင်း ထုန်ရန့်၏ မျက်နှာအမူအရာကို  တစ်ချက်ကြည့်လိုက်သည်။

ပုံမှန်အားဖြင့် ကျိုးရှန့်မင်က ဤသို့သော စကားကိုပြီးစလွယ်ဝေဖန်တတ်သည့်လူမဟုတ်သော်လည်း ငိုနေတဲ့ကလေးလေးကို လက်ထဲပွေ့ထားရင်းဖြင့် အနံ့ချိုချိုမွှေးမွှေးလေးကိုရသောအခါ ထိုစကားမှာ မထိန်းနိုင်ပဲ အလိုလိုထွက်သွားခြင်းသာဖြစ်သည်။

ကံကောင်းစွာဖြင့် ထုန်ရန့်၏အာရုံက ထိုစကားကို အလွန်အကြူးအာရုံမစိုက်မိနေ၍သာတော်တော့သည်။
"မသိဘူးလေ…စံပယ်ပန်းနံ့?"

သူ၏sex glandများက Pheromoneများကို  ပုံမှန်အတိုင်း ပြန်ထုတ်နိုင်သည့်အခြေအျနအထိပြန်ကောင်းသွားသောအခါ သူလည်း သူ့အနံ့သူ အကြိမ်များစွာ ရဖူးပါသည်။ သို့သော် ဤကဲ့သို့ ဘာအနံ့ ဘာအနံ့ဟဟူ၍ တိတိကျကျကြီးတော့ မခန့်မှန်းနိုင်ခဲ့ပါ။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now