Chapter 42

4.4K 504 45
                                    

(Unicode)

နှစ်ဦးသား အချိန်အတန်ကြာ ပွေ့ဖက်နေလိုက်သည်။ အိမ်အတွင်းပိုင်း၏ အပူချိန်မှာ ပြင်ပရှိအပူချိန်ထက် မြင့်ကာ နွေးနေသော်လည်း ထုန်ရန့် ကုတ်အင်္ကျီမချွတ်ရသေးပေ။ ကျိုးရှန့်မင်က သူ့အား အုပ်မိုး လှဲချပြီးနောက်တွင်တော့ pheromonesများ၏ လှုံ့ဆော်မှုကြောင့် အတန်ငယ်ကြာပြီးနောက်၌ပင် မက်တပ်ရပ်ရန်တောင်မှ ပူလာတော့သည်။ သူ့မျက်နှာမှာ ထမင်းအိုးဆူသကဲ့သို့ ပူလာသည်ကို ခံစားနေလျက်ပင် ကျိုးရှန့်မင်အား တွန်းလိုက်ကာ ညှာတာမှုကို တောင်းဆိုလိုက်သည်။
"အပေါ်ထပ်တတ်ရအောင် ဟုတ်ပြီလား"

ကျိုးရှန့်မင် ထုန်ရန့်၏လက်ကို ဆွဲကိုင်လိုက်ပြီး လက်ချောင်းများအချင်းချင်း ဆုပ်ထွေးလိုက်ကာ နှုတ်မှ လက်ခံချင်သလိုလို၊ လက်မခံသလို အသံတစ်ခုပြုလိုက်သေးသည်။ ထိုအသံမှာ တနည်းနည်းဖြင့် စူးရှရှဖြစ်ဟန်ပေါ်သော်လည်း ကျိုးရှန့်မင်မှာ ထုန်ရန့်၏ကိုယ်ပေါ်၌ လဲလျောင်းနေလျ​က်သားဖြင့် တစ်လက်မလေးတောင် ရွှေ့ပေးရန် စိတ်ကူးရှိပုံမပေါ်ပေ။

အပေါ်ကဖိထားသောလူသည် သူ့ကိုယ်သူ ချစ်ဖို့ကောင်းအောင် ပြုမူနေသည်ဟု ထင်နေဆဲဖြစ်၏။

ထုန်ရန့် တတ်နိုင်တာ ဘာမှမရှိတော့ချေ။ ကျိုးရှန့်မင်၏အောက်၌ လက်လေးတစ်ချောင်းတောင် မလှုပ်နိုင်တော့ရာ မီးစင်ကြည့်ကရုံသာ တတ်နိုင်တော့၏။ ကျိုးရှန့်မင်နှင့် မျက်နှာချင်း ပွတ်ကာသီကာလုပ်ရန်တောင်မှ မနည်းအားထုတ်လိုက်ရသည်။ ကျိုးရှန့်မင်၏ နှာဖျားလေးများက အေးနေ၏။ ချိုသာနေသောအသံဖြင့် ထုန်ရန့်ပြောလိုက်၏။
"အစ်ကို...အပေါ်တတ်ကြရအောင်​လေနော်၊ အစ်ကိုက အဝတ်ထူထူဝတ်ထားတာမဟုတ်ဘူး။ ကြာရင် ​အေးလာလိမ့်မယ်"

"ကိုယ် မူးချင်ယောင်ဆောင်နေတယ်လို့ မထင်ဘူးလား"

ထုန်ရန့် အလျင်အမြန်ငြင်းလိုက်သည်။
"ဟင့်အင်း အစ်ကို တကယ်မူးနေတာ"

"ဟင်..." ကျိုးရှန့်မင် ထုန်ရန့်အား ထပ်နမ်းလိုက်ပြန်ကာ တင်းတင်းကြပ်ကြပ် ပြန်လည် ပွေ့ထားလိုက်၏။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now