Chapter 41 (Part 2)

4.3K 571 22
                                    

Please scroll down for Zawgyi

(Unicode)

ကျိုးရှန့်မင် သူ့၏မဆေးရသေးသောလက်ကို ငုံ့ကြည့်လိုက်ရင်း လျင်မြန်စွာ ခုတင်ပေါ်မှ ထပြေးလိုက်သည်။ ထုန်ရန့်က နောက်မှ သူ့ကို တဖုန်းဖုန်းလိုက်ရိုက်နေသောကြောင့်ဖြစ်၏။

ဤသို့ဖြင့် နှစ်ဦးသားရေချိုးခန်းထဲရောက်သွားကြလေတော့သည်။ ထုန်ရန့်၏ ဆွယ်တာအပေါ်ပိုင်းမှာ တွန့်ကြေနေကာ အတွင်းဘက်၌ တွဲလောင်းကျနေလျက်။ ကျိုးရှန့်မင်မှာ ထုန်ရန့်အား တောင်းပန်သည့်အနေဖြင့် သူတောင်းဆိုသည့်အတိုင်း နမ်းရုံမှတပါး အခြားမရှိတော့ချေ။ ဤသို့လုပ်မှသာ သူ့အချစ်လေးက တရားခွင်ကို ရုတ်သိမ်းမည်မဟုတ်ပါလား။

အိမ်တွင် အထက်တန်းကျောင်းသားလေးနှင့် ပေါင်းစည်းနေထိုင်ရခြင်းမှာ အေးချမ်းသကဲ့သို့ ရှောင်လွှဲလို့မရသော ကိုးရိုးကားရားကိစ္စများလည်းရှိပေသည်။ ကျိုးရှန့်မင်၏ အိမ်တွင်းပုန်းချင်စိတ်တို့မှာ ထိုကာလတွင် အမြင့်ဆုံးဖြစ်နေခဲ့ကာ ဆောင်းတွင်းတစ်ခုလုံး ခရီးမသွားချေ။

နှစ်သစ်ကူးည၌ မိသားစုနှစ်စု ညစာအတူစားကြရာ ကျိုးရှင်းရှော့ပင်းမောရှိ စားသောပ်ဆိုင်တစ်ဆိုင်၌ bookingတင်ထားကြ၏။ လူကြီးများအားလုံး အချိန်မီရောက်လာကြသော်လည်း အဓိက ဇာတ်ဆောင်များဖြစ်သည့် ကျိုးရှန့်မင်နှင့်ထုန်ရန့်ကတော့ ထုန်ရန့်ကိုကျောင်းဝင်ကြိုပြီးနောက် လမ်းတွင် ကားပိတ်နေသောကြောင့် နောက်ကျနေခဲ့သည်။ သူတို့တံခါးဖွင့်ပြီးဝင်ဝင်ချင်းပင် စကားပြောလက်စဖြစ်နေသောလူကြီးများမှာ ချက်ချင်းပင် ကြိုတင်တိုင်ပင်ထားသည့်အလား သူတို့နှစ်ဦးအားကြည့်ကာ ရယ်မောလာတော့၏။

ထုန်ရန့် ထုန်ရန်းအား တစ်ချက်တို့ကာမေးလိုက်သည်။
"ဘာတွေရယ်နေကြတာလဲ"

ထုန်ရန်းက သူ့ကျောင်းယူနီဖောင်းကို ကြည့်လာပြီး "မင်းကိုယ်မင်း ပြန်ကြည့်ကြည့်လေ"
--
ထို့နောက် ထုန်ရန့် ကျိုးရှန့်မင်နှင့် စကားဆက်ပြောနေခဲ့ရာ သိပ်စိတ်မလှုပ်ရှားတော့ချေ။ ထိုအချိန်၌ ထုန်ရန့်စိတ်ထဲ၌ သူ့ပါတနာ၏မိဘများနှင့် တရားဝင်တွေ့ဆုံခြင်းဟု သိသိသာသာခံစားခဲ့ရပေသည်။ လူကြီးများအား နှုတ်ဆက်ပြီးနောက် ထုန်ရန့် ဗလာသက်သက် ဆိတ်ဆိတ်ငြိမ်ငြိမ်ဖြင့် ထိုင်နေခဲ့၏။ ကျိုးရှန့်မင်က ထုန်ရန့်လက်သုတ်ရန်အတွက် လက်ကိုင်ပဝါနွေးနွေးလေးကိုယူလိုက်သည်။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now