Chapter 3

10.7K 1.4K 32
                                    

Scroll down for Zawgyi ^^

(Unicode)

"မင်္ဂလာညနေခင်းပါ မစ္စတာ"

နံပါတ်၂ စက်ဝိုင်းပုံ အိမ်အကူစက်ရုပ်က သူ၏ သံမဏိဖြင့်ပြုလုပ်ထားသော လက်အရှည်ကြီးကို တံခါးဖွင့်ရန် ထုတ်လိုက်ပြီး မျက်ဝန်းထဲတွင် ရေလှိုင်းများကဲ့သို့ အပြာရောင်အလင်းတန်းများ ဖြတ်ပြေးသွားကာ နှုတ်ဆက်လိုက်သည်။

"ဒီနေ့တစ်နေ့တာအဆင်ပြေပါရဲ့လား"

ကျိုးရှန့်မင်က သူ၏အလုပ်လက်ဆွဲအိတ်နှင့် အပေါ်ထပ်အင်္ကျီကို စက်ရုပ်၏လက်တွင်ချိတ်လိုက်သည်။

"ကောင်းပါတယ်၊ မင်းရော ဘယ်လိုနေလဲ"

ပစ္စည်းများချိတ်ပြီးပြီးချင်း ထိုစက်ရုပ်သည် အဝေးကိုလှည့်သွားကာ အလွန်တက်ကြွနေသော အသံဖြင့် ပြန်ဖြေလိုက်သည်။

"အရမ်းကောင်းပါတယ် သခင်"

အိမ်ကြီး၏ပထမထပ်တွင် ကန့်ထားသော အခန်းများမရှိသောကြောင့် အိမ်ထဲသို့ဝင်ဝင်ချင်းပင် ထမင်းစားပွဲနှင့်မီးဖိုချောင်ကို လှမ်းမြင်နိုင်ပေသည်။ ကျိုးရှန့်မင်ရောက်လာသောအခါ ထုန်ရန့်က စားပွဲမှ ထပြီးအနေအထားဖြစ်ကာ ရိုရိုသေသေနှင့်ပင် နှုတ်ဆက်လိုက်သည်။

"အစ်ကိုရှန့်မင် ပြန်ရောက်ပြီလား"

"အင်း"

ကျိုးရှန့်မင်ကဖြေလိုက်သည်။

"ဒီနေ့အိမ်မှာ သက်သောင့်သက်သာရှိရဲ့လား"

"ဟုတ် အဆင်ပြေပါတယ်"

ကျိုးရှန့်မင်၏မျက်ဝန်းများထဲကို ခေတ္တကြည့်ပြီးနောက် ထုန်ရန့်မီးဖိုချောင်ဆီသို့ အကြည့်လွှဲလိုက်သည်။

"ဟင်းပွဲတွေ အဆင်သင့်ဖြစ်တော့မယ်၊ ကိုယ်လက်အရင်သွားဆေးလိုက်ပါလား"

သူအဆင်ပြေပြေနှင့် စိတ်ဖိစီးမှုမရှိသောပုံပေါက်ရန် အတက်နိုင်ဆုံးနေပြီးပြောလိုက်သော်လည်း ကျိုးရှန့်မင်က သူ၏ပူပန်နေမှုကို ရိပ်မိပုံပေါ်သည်။

"မနက်က ကိုယ် အလျင်လိုနေလို့ ပြောဖို့မေ့သွားတာ"

ကျိုးရှန့်မင်က ဖော်ရွေမှုကိုပြရန်အတွက် ထုန်ရန့်ကို ထိုင်ရင် အမူအယာပြလိုက်ပြီး ထုန်ရန့်ရှိနေရာသို့ လမ်းလျှောက်သွားလိုက်ကာ ထုန်ရန့်ထိုင်နေသော ထိုင်ခံကျောဘက်တွင် လက်ထောက်ပြီး သူ့ကို ငုံ့ကြည့်ရင်းပြောလိုက်သည်။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now