002 (U+Z)

3.7K 545 4
                                    

002- " မုံ့ထင်က လိုအပ်ချက်တွေနဲ့ လုံး၀ကိုက်ညီတယ်"

--------------------------------------------------

ထို့နောက်မှာတော့ မုံ့အိမ်တော်ကိုသွားတဲ့
လမ်းတစ်လျှောက် တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေတော့သည်။

" ကျွန်တော်တို့ ရောက်ပါပြီ "

နေကာမျက်မှန်တပ်ထားတဲ့ ယာဉ်မောင်းက
ကြီးမားတဲ့ သံတံခါးကြီးရှေ့ကားရပ်ကာ သူတို့ကို
သတိပေးလာသည်။

ခရီးစဉ်တစ်လျှောက်လုံး မုံ့ထင် ငေးငိုင်လာခဲ့ပေမယ့်
ယာဉ်မောင်းရဲ့စကားကို ကြားချိန်မှာတော့
နိုးကြားလာလေ၏။ သူနဲ့ဆန့်ကျင်စွာပဲ မေးခွန်းတွေအတွက် ဒုက္ခခံဖို့ ကြိုပြင်ဆင်လာတဲ့
မုံ့ကျုံးက လမ်းတစ်၀က်မှာတင် ပျင်းလွန်းလို့
အိပ်ပျော်သွားခဲ့သည်။

သခင်လေးမုံ့ထင်က နည်းနည်း ထူးခြားတယ်လို့ မုံ့ကျုံးနဲ့ ယာဉ်မောင်း လောင်၀မ်တို့ တွေးမိလိုက်တယ်။

မုံ့ထင်ကတော့ တခြားလူတွေရဲ့အမြင်ကို
သိလည်းမသိသလို ဂရုလည်းမစိုက်ပေ။
မသိစိတ်ကြောင့် သူ့နှာတံကိုထိလိုက်ပေမယ့်
သတ္တုမျက်မှန်ကိုင်းကို မထိတွေ့မိချေ။
အတိတ်ဘ၀က ၀တ်ဆင်ခဲ့တဲ့ ထိုမျက်မှန်က
သူ့ကို ပိုပြီးထက်မြက်ပုံပေါက်စေခဲ့၏။
မုံ့ထင် လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်လိုက်ပြီး အသက်ပြင်းပြင်းရှူရင်း စိတ်လျှော့ဖို့ ကြိုးစားလိုက်တယ်။

ကားပေါ်ကဆင်းပြီးနောက် မုံ့ကျုံးက
ဥရောပပုံစံအိမ်ကြီးဆီသို့ ဦးဆောင်ခေါ်သွားသည်။
၀င်ပေါက်မှာ ကြီးမားတဲ့ရေပန်းကြီးရှိပြီး
ကျယ်ပြန့်တဲ့ ခြံ၀င်းတစ်လျှောက် ပန်းဥယျာဉ်နဲ့
သစ်ပင်အုပ်တွေက နေရာယူထားလေသည်။
ရေပန်းဘေးက ဖြတ်သွားပြီးနောက်မှာတော့
*မုံ့ကျားလောင်နေတဲ့ ငါးထပ်အဆောက်အဦးကြီး
တွေ့ရတော့သည်။

(T/N-* မုံ့လောင်ရယ့်ဇီကို ပြောတာပါပဲ)

ဒီလို ဟိုင်ချန်မြို့ရဲ့ဆင်ခြေဖုံးမှာရှိတဲ့
အိမ်တော်ကြီးတစ်ခုကို ထိန်းချုပ််နိုင်တာက
မြို့မှာရှိတဲ့ မုံ့လောင်ရယ့်ဇီရဲ့အဆင့်အတန်းကို
ရှင်းရှင်းလင်းလင်း ပြသနေတာပင်။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now