008-1 (U+Z)

3.2K 546 18
                                    


008 - " လိမ်လိမ်မာမာနေ, ကိုယ် ခဏနေရင် စားစရာလာပို့ပေးမယ် "

--------------------------------------------------

ထိုစကားတွေကိုကြားရပြီးနောက် ယန်ဆွေ့
ထိုင်ခုံနောက်မှီပေါ် ခပ်ဖြည်းဖြည်းချင်းမှီလိုက်ကာ
သူ့ခန္ဓာကိုယ်ပေါ်က ပြင်းထန်တဲ့ လူသတ်ချင်ရိပ်တွေကလည်း စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားလေသည်။

နေ့ချင်းညချင်းပွင့်တဲ့နွေဦးပန်းတွေနဲ့ နှိုင်းယှဉ်ရင်တောင် ယခုမြင်လိုက်ရတာက
လူတစ်ယောက်ကို တုန်လှုပ်စေနိုင်သည်။
အတွင်းရေးမှူး၀မ်တစ်ယောက် မျက်လုံးတွေပြူးကျယ်ကာ အံ့ဖွယ်တစ်စုံတစ်ရာကို
မြင်လိုက်ရသလို ခံစားနေရလေ၏။ ထိုအံ့ဖွယ်ကိစ္စက ဖြစ်ပျက်လာလိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

ဖုန်းတစ်ဖက်ကလူက ဘယ်သူပါလိမ့်?

ဘော့စ်ကိုပြုံးအောင်လုပ်ခဲ့တဲ့
နတ်ဆိုးလေးပဲမလား?

ဒါက ဘယ်လိုညှဉ်းပန်းမှုမျိုးလဲ။ တခဏအတွင်း
ဘော့စ်ကို ဒေါသထွက်စေတယ်။ ဟော...နောက်တော့ ဘော့စ်ကိုပြုံးစေပြန်ရော။

အတွင်းရေးမှူး၀မ်တစ်ယောက် မျက်လုံးတွေကို
လှည့်ပတ်ရင်း တွေးတောနေမိ၏။

ယန်ဆွေ့ အတွင်းရေးမှူး၀မ်ကိုကြည့်လိုက်ကာ
အနည်းငယ် လက်မြှောက်လိုက်ပေမယ့် ထွက်သွားခိုင်းလိုက်သည်။
အတွင်းရေးမှူး၀မ်လည်း မဆိုင်းမတွဘဲ
ဦးညွှတ်ကာ ရုံးခန်းထဲကထွက်သွားလေသည်။

လွန်ခဲ့တဲ့စက္ကန့်ပိုင်းလောက်က သူ တကယ်ကြီး စိတ်လိုက်မာန်ပါနဲ့ ထိုပုဂ္ဂိုလ်လေးကို
မုံ့အိမ်တော်ကနေလုယူဖို့ အတွင်းရေးမှူး၀မ်အား စီစဉ်ပေးစေလိုခဲ့တာဖြစ်သည်။

" မုံ့ထင်... "

သူ့နာမည်လေးကို ခပ်တိုးတိုးခေါ်မိပြန်သည်။
မုံ့ထင် သူ့ကို ဘယ်လောက်သဘောကျကြောင်း
၀န်ခံချိန်က သူ့ရင်ထဲကခံစားချက်ကို အပြည့်အစုံ
မရှင်းပြနိုင်ချေ။ ဖြစ်နိုင်တာက... မုံ့ထင်ရဲ့ရိုးသားပွင့်လင်းမှုအပေါ် စိုးရိမ်မိတာက
သူ့ကို စိတ်ထိခိုက်စေတာဖြစ်မည်။
မုံ့ထင်ရဲ့လေးနက်တဲ့ခံစားချက်တွေအပေါ် အလေးမထားမိမှာစိုး၏။ ပြီးတော့ မုံ့ထင်အပေါ်
နှစ်သက်မှုအနည်းငယ်ရှိတာကို
သူ့ကိုယ်သူမငြင်းနိုင်ပေ။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now