003-2 (U+Z)

3.2K 551 16
                                    


003-"မုံ့ထင်ရဲ့မျက်လုံးတွေ မျှော်လင့်ချက်နဲ့
တောက်ပသွားတယ် "

--------------------------------------------------

တကယ်တမ်းတော့ ဖုန်းဇီကျောက်မှာ မုံ့ထင်ကိုခေါ်တွေ့ရတဲ့
သီးသန့်အကြောင်းပြချက်ရယ်လို့ မရှိလေဘူး။ မုံ့ထင်ရဲ့မင်္ဂလာပွဲက သတ်မှတ်ပြီးသွားပေမယ့် မုံ့လောင်ရယ့်ဇီက ထိုအကြောင်းကိုကြေညာဖို့ သင့်တော်မယ့်အချ်ိန်ကို စီစဉ်နေတုန်းဖြစ်သည်။

ဒီအတိုင်း.....ဖုန်းဇီကျောက်က
မုံ့ထင်ကို တစ်ခါလောက်ခေါ်တွေ့ဖို့
မအောင့်ထားနိုင်ရုံ သက်သက်သာ။
သူမက လက်ထပ်ပွဲကိုရယူနိုင်ခဲ့တဲ့အတွက် အရမ်းကျေနပ်နေမိတာလေ။

" မင်း...အခုမှအိမ်ပြန်ရောက်စဆိုတော့ နေလို့အဆင်ပြေရဲ့လား? "

မုံ့ထင် သူ့ဗိုက်ကိုဖုံးအုပ်ထားချင်စိတ်ကို ချုပ်တည်းလိုက်ပြီး ချီတုံချတုံနဲ့ ခေါင်းညိတ်လိုက်သည်။

ဖုန်းဇီကျောက်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွားတယ်။ သူမသိတာပေါ့။ မုံ့ထင်ရဲ့တုံးအမှုကသာ ဟဲ့၀မ်ကို
မျက်စိကျစေခဲ့တာလေ။ ဖုန်းဇီကျောက်အဖို့ လောလောဆယ်တော့ မုံ့ထင်အပေါ် မကျေနပ်မှုမရှိချေ။

သူမ ပြောလိုက်သည်။

" မနက်ဖြန်ည ဂုဏ်ပြုညစာစားပွဲရှိတယ်
မင်း...ငါနဲ့လိုက်ခဲ့ရမယ်။ အတွေ့အကြုံတစ်ချို့
တစ်လေရအောင် ခေါ်သွားတာမလို့ စိတ်လှုပ်ရှားစရာမလိုဘူး "

" ကောင်း...ကောင်းပါပြီ "

မုံ့ထင် ခေါင်းညိတ်လိုက်သည်။
တကယ်တမ်းတော့ သူ့မှာ သူမကိုငြင်းပယ်ဖို့ အကြောင်းပြချက်ရော အနေအထားရောမရှိပေ။

မုံ့ထင် စကားအနည်းငယ်သာပြောလေသည်။ ဖုန်းဇီကျောက် သူ့ကိုဘယ်လောက်ပဲသဘောကျပါစေ သူမကိုယ်သူမ ဆက်နှိမ့်ချနေပြီး နောက်ထပ်စကား၀ိုင်းတစ်ခုကို အစမပျိုးပေ။

သူမက မုံ့ထင်ကို အကဲခတ်သလိုထပ်ကြည့်ပြီး လက်ဟန်ပြလာသည်။

" မင်း...ပြန်သွားလို့ ရပြီ "

" ဟုတ်ကဲ့ " မုံ့ထင်ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ လှည့်ထွက်သွားသည်။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now