017-2 (U+Z)

2K 302 14
                                    

017 - "Starting today, you live
with me "

-----------------------------------------------------------

မုံ့ထင်က ထိုရိုးရှင်းရှင်းလင်းတဲ့ ညွှန်ကြားချက်ကို
နားလည်သော်လည်း ယန်ဆွေ့ပြောတဲ့အတိုင်း ချက်ချင်းမလုပ်နိုင်ခဲ့ပဲ အချိန်အတန်ကြာ အံ့သြမင်သက်နေမိလေသည်။

ယန်ဆွေ့ကိုဖက်ထားတဲ့ သူ့လက်တွေက အနည်းငယ်လျော့ရဲသွားကာ မျက်နှာမော့ပြီး ပျော်ရွှင်မှုနဲ့ မသေချာမှုအနည်းငယ်ရှိနေတဲ့ မျက်၀န်းတို့နဲ့ ယန်ဆွေ့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီး

" ယန်ဆွေ့ , ကျွန်တော်လေ......ခင်ဗျားကို ပိုသဘောကျလာပုံပဲ "

ထိုစကားကိုကြားတော့ ယန်ဆွေ့နှလုံးသားက
ချက်ချင်းပင် နွေးထွေးသွားသည်။ ဒါပေမယ့် မုံ့ထင်ရဲ့ " ပုံပဲ "ဆိုတာလေးကိုတော့ အနည်းငယ်မကျေနပ်ပေ။ မုံ့ထင်အတွက်တော့ ဤသည်က သူ့ကိုအရမ်းသဘောကျတယ်ဆိုတာနဲ့ အဓိပ္ပါယ်တူပေမယ့်လည်း " ပုံပဲ "ဆိုတာကတော့ သိပ်မဟုတ်သေး။ သို့ပေမယ့် ယန်ဆွေ့ သူ့စိတ်ထဲပဲထားလိုက်ကာ အမှားမပြင်ပေးလိုက်ပေ။

မုံ့ထင်က ထပြီး သူ့ပစ္စည်းတွေကို မထုပ်ပိုးခင် ယန်ဆွေ့ကိုယ်ပေါ် အချိန်အတော်ကြာ တွယ်ကပ်နေလေသည်။

တကယ်တမ်းတော့ သူ့မှာထုပ်ပိုးစရာပစ္စည်းက သိပ်မရှိ။ သူက မုံ့အိမ်တော်မှာ အမြဲတမ်း တစ်ယောက်တည်းလိုဖြစ်ကာ အ၀တ်အစားလည်း များများစားစားမရှိ.....မဟုတ်ဘူး သူ့မှာ တခြားတစ်ခုရှိသေးတယ်___ယန်ဆွေ့ သူ့ကိုပေးထားတဲ့ဖုန်းလေး...

သူ့မှာ အထုပ်အပိုးအနည်းငယ်သာရှိသည်ကိုမြင်ပေမယ့် ယန်ဆွေ့က ဘာမှမမေးပေ။ သူ့ဆီကိုလျှောက်လာပြီး လက်ကိုဆွဲကာ ပြောလာသည်။
" သွားရအောင် "

ယန်ဆွေ့ဦးဆောင်ရာနောက် လိုက်လာပေမယ့်
မုံ့ထင်ရင်ထဲက တင်းကြပ်မှုတွေက မပျောက်သွားသေး။

သူ တကယ်ပဲ မုံ့မိသားစုက ထွက်သွားနိုင်တော့မှာလား?  ဤသည်က အိပ်မက်သာဖြစ်ခဲ့ရင်လည်း သူမက်ဖူးသမျှထဲမှာ အလှဆုံးအိပ်မက်သာဖြစ်လိမ့်မည်။

ယန်ဆွေ့က ခေါင်းငုံ့ကာ မုံ့ထင်ကိုကြည့်လိုက်ပြီး
သူ့ကုတ်အင်္ကျီကိုချွတ်ကာ မုံ့ထင်ရဲ့ပခုံးပေါ်
ခြုံပေးလိုက်သည်။
" ၀တ်ထားလိုက်...ထပ်ပြီး အအေးမမိစေနဲ့ "

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now