016 (U+Z)

3.5K 472 33
                                    

016 - " The hot ones are real people, not dreams "

--------------------------------------------------

အရင်ကလိုပဲ ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးကနေ သူ နိုးထလာခဲ့သည်။
မုံ့ထင် ခဏလောက် ငြိမ်နေပြီးနောက်မှ သူ့မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပြန်ရောက်လာလေသည်။ မနေ့ညက ယန်ဆွေ့နဲ့ ဖုန်းပြောခဲ့တာကို တွေးမိရင်း ထိုပျော်ရွှင်မှုက အိပ်မက်ဆိုးကြောင့်ဖြစ်လာတဲ့ စိတ်ညစ်ညူးမှုတွေကို ချက်ချင်းဖယ်ရှားပစ်လိုက်၏။

ကောင်းကင်က ယခင်နေ့များထက် အနည်းငယ်မှောင်နေသေးပေမယ့်လည်း
မုံ့ထင်ကတော့ အိပ်ယာပေါ်ကထကာ မနက်ခင်းပြေးတာကို ပြုလုပ်ဆဲသာ။

လမ်းတစ်၀က်မှာ မိုးစရွာလာပေမယ့်
မုံ့ထင် အပြီးထိ ဆက်ပြေးလိုက်သည်။
အ၀တ်အစားနဲ့ ဆံပင်တွေ စိုရွှဲလျက်သားနဲ့ပဲ အိမ်မကြီး၏ဧည့်ခန်းဆီ ပြန်လာခဲ့လိုက်၏။

ဧည့်ခန်းက စည်ကားနေကာ မုံ့လောင်ရယ့်ဇီ, ဖုန်းဇီကျောက်, လီရိဖေး, မုံ့ချီနဲ့ မုံ့ရှောင်တို့အားလုံး
အခန်းထဲရှိနေကြသည်။

မုံ့ရှောင်၏လက်တို့မှာ ပတ်တီးတွေနဲ့ပတ်ချည်ထားပြီး လည်ပင်းကနေသိုင်းကာ တွဲလောင်းချထားရ၏။

သူက မုံ့ထင်ကိုမြင်သည်နှင့် ဒေါသဖြစ်လေသည်။

မုံ့ရှောင်က အရင်က မုံ့ထင်နောက်လိုက်တဲ့သူတွေထက် ကိုင်တွယ်ရန် ပိုခက်ခဲနိုင်သည်။
သူတို့်တွေက အရိုက်ခံလိုက်ရပြီးနောက်တွင် သူ့ကိုကြောက်ရွံ့သွားကြသည်။ မုံ့ရှောင်ကတော့ သူ့ကို မကြောက်ရုံသာမက အငြိုးထားနေသေး၏။ သူတို့နှစ်ယောက်က ရန်သူတွေဖြစ်ဖို့ ရေစက်ပါပုံရသည်။

" မုံ့ထင်ကို တောင်းပန်လိုက် "

မုံ့လောင်ရယ့်ဇီပြောလာတဲ့အခါမှာ မုံ့ရှောင်က မကျေနပ်ရင်တောင် သူ ပြောတဲ့အတိုင်း လုပ်ရသေးဆဲသာ။

" တောင်းပန်ပါတယ်, မနေ့က ငါ ရှင်းရှင်းလင်းလင်း
မတွေးနိုင်ဘူး ဖြစ်သွားတယ်, ငါ့ကို ခွင့်လွှတ်ပါ "

မုံ့ရှောင်က လူအုပ်ကိုကျောခိုင်းထားကာ သူ့အသံက
နောင်တတို့အပြည့်နဲ့ဖြစ်ပေမယ့် သူ့အကြည့်တို့ကတော့ ကွာခြားကာ မုံ့ထင်ကို ရန်စနေလေသည်။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now