007 (U+Z)

3.4K 602 26
                                    


007- " ကျွန်တော်ပြောချင်သေးတာက__
ယန်ဆွေ့, ကျွန်တော် ခင်ဗျားအတွက် တိုက်ခိုက်ခဲ့တာပါ "

-------------------------------------------------

သူ ထိုနေရာမှာအကြာကြီးရပ်နေခဲ့ပြီးမှ
တံခါးကိုတွန်းဖွင့်ပြီး ကဖေးထဲ၀င်လာလိုက်သည်။
ထို့နောက် မဒမ်စူးဆီမှယန်ဆွေ့သူ့ကိုလျစ်လျူရှုခဲ့တဲ့ အကြောင်းပြချက်ကို သိလိုက်ရ၏။

လက်ထပ်ပွဲမတိုင်မီ အလွန်ပျော်ပါးခဲ့ပေမယ့် သူအခုတော့ အရမ်းနောင်တရနေလေပြီ။ အစက သူ့အပေါ်ထားတဲ့ ယန်ဆွေ့ရဲ့ထင်မြင်ချက်ကို အနည်းငယ်အဖတ်ဆယ်ချင်ခဲ့ရုံသာ။ ဟဲ့၀မ်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိမယ်လို့
သူမထင်ထားခဲ့ပေ။ ကိစ္စအမြောက်အများကို အတူတကွ ဆက်စပ်ကြည့်လိုက်ပြီးချိန်မှာတော့
သူမြင်နိုင်ပြီဖြစ်၏။ သူ ယန်ဆွေ့ကို သိပ်ဂရုမစိုက်မိခဲ့လို့သာ။

" မင်းမကောင်းလို့ မဟုတ်ပါဘူးကွယ်...မင်းက
ရုတ်ချည်းပိုကောင်းအောင် ပြောင်းလဲလိုက်လို့ပါ "

ထိုအပြောင်းအလဲက ဟဲ့၀မ်ကို မကျေမနပ်ဖြစ်စေတာပင်။ ဒီလောက်နဲ့တော့ ယန်ဆွေ့က သူနဲ့ဟဲ့၀မ်ရဲ့ဆက်ဆံရေးကို လုံး၀ဖြတ်တောက်ပြီး သူမ သူ့အတွက်စီစဉ်ပေးတဲ့
လက်ထပ်ပွဲကို ငြင်းဆန်မှာမဟုတ်ပေ။
သူ့ရဲ့ပင်ကိုစရိုက်အရ ဘယ်လိုလူမျိုးကို နှစ်သက်လဲဆိုတာ တွေးကြည့်ဖို့ခက်ခဲ၏။ ထို့ကြောင့်
စူးစစ်ယွီဖြစ်စေ မုံ့ထင်ဖြစ်စေ သူ့အတွက်တော့
ကွဲပြားမှုမရှိချေ။

" မုံ့မိသားစုရဲ့ သခင်လေးခုနှစ်...မုံ့ထင်လား? "

အရင်က မုံ့မိသားစုကထိုတစ်ယောက်အကြောင်း
တစ်ခါမှမကြားဖူးပေ။ မုံ့မိသားစုမှာ
ဒီတရားမ၀င်ကလေးက အမြဲရှိခဲ့တာ
ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိသားစုမှတ်တမ်းမှာ
ဖုံးကွယ်ထားတာဖြစ်နိုင်သည်။ ဒါမှမဟုတ် သူ့တည်ရှိမှုက အရမ်းကိုအားနည်းနေခဲ့တာလည်း
ဖြစ်နိုင်၏။ မဟုတ်ရင် မုံ့ချီနဲ့သူ့ရဲ့ဆက်ဆံရေးကြောင့်
ထိုတစ်ယောက်ကိုမသိတာ မဖြစ်နိုင်ပေ။

မဒမ်စူးက စူးစစ်ယွီရဲ့စိတ်ပျက်နေတဲ့ အမူအရာကိုကြည့်ကာ သူ ယန်ဆွေ့ကို တကယ်ချစ်ကြောင်းနဲ့ သူနဲ့အတူ
ကောင်းကောင်းမွန်မွန်နေချင်ကြောင်းကို သူမ
ပိုယုံကြည်လာခဲ့သည်။ ဒါပေမယ့်လည်း
သူတို့က တွေ့ဆုံဖို့ရေစက်ပါပေမယ့် အတူတူရှိဖို့တော့ ကံမပါခဲ့ဘူးဖြစ်သည်။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now