015 (U+Z)

3.2K 488 37
                                    

015 - "I will look at you from now on "

--------------------------------------------------

ယန်ဆွေ့က ကားထွက်သွားသည်ကို
ခဏကြည့်နေပြီးနောက် ကျုံးမင်နဲ့ကုလန်ဆီ
လှည့်ကာ ခေါင်းညိတ်ပြ၏။ မကြာခင်မှာပဲ သူ့ကိုယ်ပိုင်ကားကိုစီးကာ ကျုံးအိမ်တော်၏ ပိုင်နက်ထဲကနေ ထွက်သွားလေသည်။

ကားထဲ၀င်ပြီးနောက် ရုတ်ချည်းဆိုသလို
ငြိမ်ကျသွားကာ ဖုန်းထုတ်ပြီး
ဖုန်းခေါ်လိုက်သည်။

" မုံ့ထင် အထက်တန်းကျောင်းတက်ခဲ့တဲ့
သုံးနှစ်လုံးအကြောင်း အကုန်သိချင်တယ် "

မုံ့ထင်၏လက်ဖဝါးအလယ်က အမာရွတ်တွေနဲ့
လက်မောင်းတွေပေါ်ရှိအမှတ်များက ယန်ဆွေ့အာရုံကို ဖမ်းစားနိုင်ခဲ့၏။

ယန်အိမ်တော်ကို ပြန်ရောက်လာပြီးနောက်
ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့ ဟဲ့၀မ်ကို တွေ့ရလိမ့်မယ်လို့သူမထင်မှတ်ထားခဲ့ပေ။

ဤအချိန်တွင် အိမ်စေအများစုမှာ အနားယူနေကြလေပြီ။ ဧည့်ခန်းကျယ်ကြီးထဲ သူမတစ်ယောက်တည်းထိုင်ကာ တီဗီမဖွင့် ဖုန်းမကြည့်နေပါပဲနဲ့ ပုံစံတကျထိုင်ရုံသာ
ထိုင်နေ၏။ သူမကြောင့် တစ်စုံတစ်ယောက် ထိတ်လန့်သွားနိုင်လေသည်။

ယန်ဆွေ့ကတော့ မည်သို့မျှမနေ။
ဟဲ့၀မ် သူ့ကိုမြင်သွားချိန်တွင် ညင်သာစွာ ဦးညွှတ်ပြကာ လှေကားပေါ် တက်သွားလိုက်သည်။

" ဆွေ့အာ "

သူမက ယန်ဆွေ့ကိုခေါ်ကာ ထိုနေရာမှာပဲ မလှုပ်မယှက်ထိုင်နေသည်။ သူ ခဏရပ်ကာ
လှည့်ကြည့်ပြီး သူမစကားကို အဆုံးသတ်မှာကို
စောင့်နေလိုက်၏။

" မင်း မုံ့ထင်နဲ့တွေ့ပြီးလောက်ပြီပေါ့, မင်း
သူနဲ့ပတ်သတ်ပြီး မကြိုက်တာရှိလား? "

" မရှိပါဘူး "
ယန်ဆွေ့ပြောလိုက်သည်။

ဟဲ့၀မ်က သူ့ဆီသို့ ခြေလှမ်းအနည်းငယ်တိုးလာပြီး
ခေါင်းညိတ်ပြကာ
" ဒါဆိုလည်း အနားယူတော့လေ "

ထိုစကားဆုံးပြီးနောက် ယန်ဆွေ့က ဟဲ့၀မ် သူ့ကို ဆက်နေဖို့ဆွဲထားနိုင်မယ့် အခွင့်အရေးမပေးတော့ဘဲ ဒုတိယထပ်ကိုတက်ကာ အခန်းထဲ၀င်သွားလေသည်။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now