013-2 (U+Z)

2.6K 503 39
                                    

013 - ' ခင်ဗျားကို ခဏလောက်
ဖက်ထားချင်သေးတယ် '
--------------------------------------------------

" ပြီးတော့... ခင်ဗျားကို ဖက်ရတာကိုလည်း ကြိုက်တယ်ရယ် "

ယန်ဆွေ့ကို ကျေးဇူးတင်ကြောင်း သူ ပြလိုသည်။ သူ့အပေါ် နားလည်သည်းခံပေးပြီး ကြည်ဖြူစွာ လက်ခံပေးတဲ့ယန်ဆွေ့အတွက်
'ကျေးဇူး' ဟူသောစကားကိုသုံးရုံနဲ့ မလုံလောက်ဟု သူခံစားရ၏။ ပွေ့ဖက်ရုံနဲ့လည်း လုံလောက်မှုမရှိပေမယ့် ယခုချိန်မှာ ဤသည်က သူစဉ်းစားနိုင်တဲ့ အရင်းနှီးဆုံး ဖော်ပြနည်းလေးသာ။

အချိန်အတန်ကြာပြီးနောက် ယန်ဆွေ့က
' Mmm 'ဟုတုံ့ပြန်လာသည်။
မုံ့ထင်က ယန်ဆွေ့ပခုံးပေါ် ခေါင်းမှီလိုက်ကာ ပိုပြီးသက်တောင့်သက်သာရှိတဲ့နေရာကို
ရှာတွေ့သွားဟန်ဖြင့် ထိုအနေအထားအတိုင်းနေရင်းနဲ့ သူ့နှုတ်ခမ်းထောင့်လေးတွေ ကွေးညွတ်သွားတော့သည်။

သူပြောခဲ့သလိုပဲ... သူ တကယ်ကြီးကို သဘောကျနေမိတော့တာ။

ယန်ဆွေ့အကြည့်တို့က မုံ့ထင်ရဲ့မျက်လုံးတွေနဲ့ဆုံသည်အထိ နိမ့်ဆင်းသွား၏။ ထို့နောက်တော့
မုံ့ထင်က တိုးညင်းစွာ ရေရွတ်လာလေသည်။
" ကျွန်တော် ခင်ဗျားကို နည်းနည်းလောက်
ပိုဖက်ထားဦးမယ်လေ...နော် "

မုံ့ထင်အဖို့ ညစာစားပြဲကိုလာရတဲ့ အဓိကအကြောင်းပြချက်တွေထဲက တစ်ခုမှာ
ယန်ဆွေ့ရောက်လာတာကိုစောင့်ဖို့ပင်။
အခုလိုမျိုး ဖြစ်ပြီးချိန်မှာတော့ သူကောင်းကောင်းမွန်မွန် အိပ်လို့ရကောင်းပါရဲ့။

တစ်စုံတစ်ယောက်က သူတို့ကိုစောင့်ကြည့်နေမှန်း သတိပြုမိတာမို့ ယန်ဆွေ့ဖယ်ခွာဖို့ပြင်ချိန်မှာ မုံ့ထင်ပြောတာကိုကြားပြီး တုံ့ဆိုင်းသွားရ၏။
တခဏလောက် တွန့်ဆုတ်နေပြီးနောက် မုံ့ထင်ကျောကို ခပ်ဖွဖွပုတ်ပေးကာ သူ့လက်တွေကို မုံ့ထင်၏ခါးပတ်လည်တွင် ဖြည်းဖြည်းချင်း ရစ်ပတ်လိုက်လေသည်။ သူတို့ကစေ့စပ်ထားတဲ့သူတွေပဲ-သူတို့ဖက်တွယ်ထားပုံကို
မသင့်တော်ဘူးလို့ သတ်မှတ်လို့မှမရတာ။

မနေ့ညက သူတို့တွေ ဆယ်မိနစ်ကျော်ကျော်လောက် ပွေ့ဖက်ခဲ့ကြသည်။ ဒီညမှာ နာရီဝက်နီးပါးလောက်ဖက်ထားပြီးချိန်မှာတော့ မုံ့ထင်
ကျေနပ်စွာနဲ့ ယန်ဆွေ့ကို လွှတ်ပေးလိုက်ကာ သူ့မျက်လုံးလေးများမှာ ရွှင်မြူးတက်ကြစွာ လင်းလက်တောက်ပနေလေသည်။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now