005-1 (U+Z)

3.3K 613 28
                                    

005 - " ယန်ဆွေ့ ခင်ဗျားက
အရမ်းကြင်နာတတ်တာပဲ...ခင်ဗျားကို လက်ထပ်နိုင်တာ ကောင်းလိုက်တာ "

--------------------------------------------------

" ကျွန်တော် ကြက်ဥထမင်းကြော်
စားချင်တယ်...စားလို့ရလားဟင်? "
၄င်းကို မုံ့ထင်အရင်ကတည်းကမျှော်လင့်နေခဲ့တာ
ဖြစ်သည်။

မုံ့ထင်ရဲ့သနားချင်စဖွယ်ကြည့်နေပုံလေးကို
ကြည့်ပြီး ယန်ဆွေ့လိုက်လျောဖို့သာ
တတ်နိုင်လေသည်။ သူ ညင်ညင်သာသာ ခေါင်းညိတ်ပြလိုက်တော့ မုံ့ထင်မျက်နှာပေါ်မှာ
အပြုံးလေးတစ်ပွင့်ထပ်ပေါ်လာသည်။

ယန်ဆွေ့ရဲ့အကျ်ီ်လက်ကို ဆွဲလာကာ
" ကျွန်တော် ထမင်းအများကြီးလိုချင်တယ် "

" ကောင်းပြီ " ဘယ်လောက်ပမာဏကို 'အများကြီး'လို့သတ်မှတ်နိုင်လည်း ယန်ဆွေ့မသိပေ။

ကုလန် ယန်ဆွေ့ဆီကစာကိုလက်ခံရပြီးနောက်
သူမြင်နေရတာက တကယ်ပဲဆိုတာကို သဘောပေါက်ချိန်အထိ သူအကြာကြီး စိုက်ကြည့်နေခဲ့ရလေသည်။ ပုံမှန်အားဖြင့်တော့ သူလုပ်ဖို့လိုတာက အိမ်စေတစ်ယောက်ကို ခိုင်းလိုက်ရုံသာဖြစ်သည်။

ဒါပေမယ့် ဒီသခင်လေးက ရုတ်တရက်ကြီး ဗိုက်ဆာလာတယ်တဲ့လား... ညစာစားပွဲမှာလေ!

ဘယ်သူကများ ညစာစားပွဲမှာ ကြက်ဥထမင်းကြော်
ပို့ခိုင်းလို့လဲ?

ကုလန် အရမ်းတွေသိချင်နေမိတာမို့ မီးဖိုဆောင်က ချက်ပြုတ်ပြီးတာနဲ့ သူကိုယ်တိုင်သွားပို့ဖို့ ဆုံးဖြတ်လိုက်သည်။

" တစ်နေ့တော့ ယန်ဆွေ့နဲ့အတူတူစားဖို့ ဖိတ်ခံရမယ်လို့ ငါဘယ်တုန်းကမှမတွေးမိခဲ့ဖူးဘူး
hahaha... "

သူ့နာမည်အတိုင်းပဲ ကုလန်မှာ
သိပ်ကိုကြည်လင်ရွှင်ပြတဲ့ ရယ်သံမျိုးရှိလေသည်။

အထဲမှာထိုင်နေတဲ့ ထက်မြက်ပြီးကြည့်ကောင်းတဲ့
လူငယ်လေးကိုတွေ့ဖို့ မင်ကွမ်အိမ်တော်ကို
သူသွားခဲ့ပေမယ့်.....မှန်လုံအိမ်ထဲမှာ
မုံ့ထင်ကို တွေ့လိုက်လေပြီးနောက်
သူ့ရယ်သံတွေတိခနဲရပ်သွားပြီး ကြေကွဲနေတဲ့
ချောင်းဟန့်သံအဖြစ် ပြောင်းသွားရတော့၏။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now