013-1 (U+Z)

3K 557 24
                                    

013 - ' ခင်ဗျားကို ခဏလောက် ဖက်ထားချင်သေးတယ် '

--------------------------------------------------

သူ့ခေါင်းပေါ်ကလက်၏ နွေးထွေးမှုကို ခံစားလိုက်ရတာမို့ မုံ့ထင် မျက်လွှာပင့်ကာ မော့ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းကို ခပ်ဖွဖွဖိပိတ်ကာ ယဲ့ယဲ့လေးပြုံးလိုက်၏။

" ...ခင်ဗျား ရောက်လာပြီပဲ "

ယန်ဆွေ့ သူ့ကို ညလယ်စာယူလာပေးတဲ့အချိန် အပါအ၀င်၊ ဒီတစ်ခါနဲ့ဆို သူတို့်တွေ့တာ သုံးကြိမ်မြောက်ပဲရှိသေးသည်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ နီးကပ်ကျွမ်း၀င်မှုကိုကြည့်ပြီး
သူတို့သိတာ အချိန်တိုလေးပဲရှိသေးတယ်လို့
ပြောဖို့ရာ မဖြစ်နိုင်ပေ။

ရှုပ်ထွေးတဲ့ခံစားချက်ပေါင်းစုံနဲ့ မုံ့ထင်မှာ
ယန်ဆွေ့လက်ကို ငေးကြည့်နေမိသည်။

မုံ့ချီရဲ့ ဒီညီငယ်အလှလေးက သူတို့တွေ
အခုထိ လက်မထပ်ရသေးတာတောင် ယန်ဆွေ့နှလုံးသားကို ဖမ်းစားပြီးတဲ့ပုံပဲ။
သူက ယန်ဆွေ့ကို သူ့ခေါင်းကိုတောင် ကိုင်ခွင့်ပြုထားသေးတယ်။

သူသာ မုံ့ထင်လက်ကိုကိုင်မိရင်
ကျိန်းသေ လက်သီးနဲ့အထိုးခံရမှာ။
ပြုမူဆက်ဆံပုံက အရမ်းကို ခွဲခြား,ခွဲခြားနိုင်တာပဲ...။

ခန်းမထဲမှ ပွဲကြည့်ပရိသတ်များမှာတော့ မုံ့ချီထက်ပိုပြီး
ကြက်သေ,သေကာ ဆွံ့အနေကြသည်။
မုံ့ချီက မုံ့ထင်နဲ့အတူ သူတို့ကိုနှုတ်ဆက်ဖို့လာစဉ်က
မုံ့ထင်ကို တရားမ၀င်သားလို့ စောင်းမြောင်းပြောဆိုတာမျိုး မပြုခဲ့ပေ။
ဤသည်က ရည်ရွယ်ချက်ရှိရှိ လုပ်တာမျိုးဖြစ်နိုင်သလို ဒါမှမဟုတ် ဖြစ်နိုင်တာက.....

မသိစိတ်ကနေ ဖယ်ကြဉ်ထားတဲ့ခံစားချက်ကို
မုံ့ထင်ကို ပြသခဲ့ကြကာ သူ့ကို ခွဲခြားဆက်ဆံကြတာပင်။

သူတို့က မုံ့ထင်ကို သူတို့အသိုင်းအ၀ိုင်းထဲကို သူဘယ်တော့မှ၀င်ဆံ့မှာ မဟုတ်ကြောင်း နားလည်စေလိုသည်။ ထို့အပြင် သူတို့က သူ့အတွက်နဲ့ သူတို့ရဲ့ပုံစံနဲ့ အဆင့်အတန်းကို ဘယ်တော့မှ လျော့ကျစေမည်မဟုတ်ပေ။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Место, где живут истории. Откройте их для себя