004-1 (U+Z)

3.1K 579 14
                                    


004 -" ကိုယ်က မင်းရဲ့ခင်ပွန်းလောင်း
ယန်ဆွေ့ပဲ "

--------------------------------------------------

သူတို့ခပ်စောစောရောက်သွားကြပေမယ့်
ဖုန်းဇီကျောက်ရဲ့အကြီးဆုံးသားမိသားစုက
မရောက်ကြသေးပေ။ သူမက ကုမိသားစုရဲ့
မဒမ်တွေ အမျိုးသမီးငယ်တွေနဲ့
အပြန်အလှန်နှုတ်ဆက်ပြီးနောက်မှာ
အရေးမပါတဲ့အတင်းအဖျင်းကိစ္စတွေကို စပြီးပြောကြတော့သည်။

မုံ့ထင်ကိုစကားလုံးအနည်းငယ်နဲ့ မိတ်ဆက်ပေးပြီးနောက် သူ့ဘာသာ သွားလာစူးစမ်းဖို့ပြောလေသည်။

သူတို့တွေ ကုမိသားစုခြံ၀င်းထဲကိုရောက်နေတာမို့
မုံ့ထင်ဆီတစ်စုံတစ်ခုဖြစ်ပျက်မှာ ဖုန်းဇီကျောက် မစိုးရိမ်ချေ။ သေချာတာပေါ့။တကယ်လို့များ
တစ်ခုခုဖြစ်ခဲ့ရင်တောင် သူမဂရုစိုက်မှာမဟုတ်ပေ။မုံ့ထင်သာ အကြီးအကျယ်ရှက်ဖို့ကောင်းတဲ့ကိစ္စထဲ ပါ၀င်ပတ်သတ်သွားရင် ဟဲ့၀မ်ကို ပိုပြီးကျေနပ်စေလိမ့်မယ်။

မုံ့ထင်ကတော့ ဖုန်းဇီကျောက်ရဲ့အတွေးတွေကို
သတိမထားမိလေဘူး။ ဒါပေမယ့် မုံ့မိသားစုက
သူ့အပေါ်ဘယ်လိုကြည်ဖြူမှုမျိုးမှ ရှိမနေဘူးဆိုတာ သူ့နှလုံးသားထဲမှာ သေချာသိနေပြီးသားဖြစ်၏။ ဖုန်းဇီကျောက်က လွတ်လွတ်လပ်လပ်သွားလာဖို့ ပြောချိန်မှာ သူစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ စားစရာရှာဖို့ အခွင့်အရေးရပြီလေ။

ဒီလိုတွေ့ဆုံပွဲမျိုးက သဘာ၀က်က်ပဲ
အဖျော်ယမကာနဲ့စားကောင်းသောက်ဖွယ်တွေ
မကင်းမဲ့လေဘူး။ ကိုယ်တိုင်ယူစနစ်ဖြစ်တာမို့
မုံ့ထင်အေးအေးလူလူလမ်းလျှောက်ရင်းနဲ့
ယဉ်ကျေးမနေတော့ပဲ ပန်းကန်တစ်ချပ်ယူပြီး
အပြည့်ပုံလိုက်သည်။ ထို့နောက်တော့
တစ်နေရာရှာပြီး မြန်မြန်ဆန်ဆန်နဲ့ အားရပါးရစားလေတော့၏။

တစ်ပန်းကန်ကုန်ရင်း ထပ်ဖြည့်ရင်းနဲ့ သူစားတဲ့အရှိန်က နည်းနည်းလေးမှမလျော့သွားချေ။
မုံ့ထင်အတွက်တော့ ပန်းကန်ကသေးလွန်းနေပြီး
သွားလိုက်ပြန်လိုက်လုပ်ရတာ တကယ့်ကို အလုပ်ရှုပ်လှသည်။ ပြီးတော့လည်း တွန့်တွန့်တိုတိုနဲ့ အချိုပွဲတွေကိုအပိုင်းသေးသေးလေးတွေ ဖြတ်ထားကြသေး၏။ သူတစ်ခါတည်းနဲ့
အကုန်လုံးထိုးသိပ်ထည့်လို့တောင်ရလေသည်။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Onde histórias criam vida. Descubra agora