008-2 (U+Z)

3.1K 579 31
                                    

008 - " လိမ်လိမ်မာမာနေ, ကိုယ်
ခဏနေရင် စားစရာလာပို့ပေးမယ် "

--------------------------------------------------

သူ့ဆုံးဖြတ်ချက်က လုံး၀မမှားပေ။ ခြောက်နာရီထိုးလို့ အောက်ဆင်းလာချိန်မှာ ထမင်းစားခန်းထဲ သူနဲ့မုံ့ချီသာရှိလေသည်။ ထမင်းစားပွဲပေါ် ကြည့်လိုက်တော့ ပန်းကန်အလွတ်များသာ စီစဉ်ထားကာ မည်သည့်စားစရာမှမရှိချေ။

" Heh...Heh... " မုံ့ချီက သူ့ကို မျက်စပစ်ပြကာ လှောင်ရယ်, ရယ်၏။

မုံ့ထင် ဦးလေး၀မ်းကိုမေးပြီး သူ့နေရာမှာ၀င်ထိုင်လိုက်ကာ စားပွဲအလွတ်ကိုသာ
စိုက်ကြည့်နေလိုက်သည်။ သူ ဦးလေး၀မ်းဆီကနေ
လှည့်စားခံရသလို ခံစားနေရ၏။ မုံ့ချီကိုကြည့်ပြီး
အတွေး၀င်သွားတာက—သူက တရားခံဖြစ်ပြီး ဦးလေး၀မ်းက သူ့ကို ကူညာပေးတဲ့ ကြံရာပါဘဲဖြစ်ရမည်။

သင်းက စကားမတည်ရုံမကဘဲ တွန့်တိုတတ်သေးတယ်ပေါ့, humph!

မုံ့ထင် ဖုန်းထုတ်ပြီး ယန်ဆွေ့ဆီစာပို့လိုက်သည်။

<<ကျွန်တော်အလိမ်ခံလိုက်ရပြီ။ ဒီမွာ ဘာစားစရာမှလည်း မရှိဘူး။ စိတ်တိုလိုက်တာဗျာ>>

ယန်ဆွေ့ဆီက စာအမြန်ပြန်ရောက်လာ၏။

<<လိမ်လိမ်မာမာနေ, ကိုယ် မင်းဆီ ခဏနေရင်
စားစရာ လာပို့ပေးမယ်>>

မုံ့ထင် ' စားစရာ 'ဆိုတဲ့ စာလုံးကို သေချာကြည့်ပြီးနောက် ' လိမ်လိမ်မာမာနေ ' ဆိုတဲ့စာလုံးတွေကို ကြည့်လိုက်သည်။ ဘယ်အပိုင်းကို လိမ္မာခိုင်းတာမှန်း သူမသိပေမယ့်လည်း စာပြန်ရိုက်လိုက်သည်။

<<ကျွန်တော်က လိမ္မာပါတယ်>>

ကောင်းကောင်းမွန်မွန်လေးနေဖို့
ကြိုးစားနေပါတယ်ဗျ!

ယန်ဆွေ့က ကုမ္ပဏီအမှုဆောင်အဖွဲ့၀င်တွေနဲ့
အစည်းအ၀ေးထိုင်နေတာဖြစ်သည်။ထိုစကားလုံးတွေကိုမြင်ချိန်မှာ သူ့မျက်ခုံးတွေ
မြင့်တက်သွားကာ မုံ့ထင်ရဲ့အလိုလိုက်ခံရသလို ပြုမူနေပုံကို ခံနိုင်ရည်မရှိသလို
ခံစားလိုက်ရလေသည်။

သူ ခဏလောက်တုံ့ဆိုင်းသွားပြီးနောက်
" Hmm "ဟုပြန်ပို့ကာ ဖုန်းကိုချထားလိုက်သည်။ ရုတ်ချည်းတိတ်ဆိတ်ငြိမ်သက်သွားတဲ့ လူအုပ်ကိုကြည့်ကာ အသံသေနဲ့ဆိုလိုက်၏။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now