004-2 (U+Z)

3.1K 607 34
                                    


004 - " ကိုယ်က မင်းရဲ့ခင်ပွန်းလောင်း
ယန်ဆွေ့ပဲ "

--------------------------------------------------

ယန်ဆွေ့နံရိုးကို တံတောင်နဲ့ထိုးဖို့ပြင်နေတဲ့
မုံ့ထင်တစ်ယောက် ရုတ်ချည်းရပ်တန့်သွားကာ
မျက်လုံးအပြူးသားလေးနဲ့ မေးလာလေသည်။

" ခင်ပွန်း? ကျွန်တော် ခင်ဗျားကို
လက်ထပ်ရမှာလား? "

မုံ့ထင်အသံက ပျော်ရွှင်မှုနဲ့အတူ
အံ့အားသင့်တဲ့အရိပ်အယောင်တွေလွှမ်းနေပြီး
လုံး၀မဖုံးကွယ်ထားနိုင်ပေ။ သူဆက်ပြီး ရုန်းကန်မနေတော့ဘဲ လှည့်လာကာ
ယန်ဆွေ့ရဲ့ ကျဉ်းမြောင်းတဲ့အကြည့်တွေနဲ့
ရင်ဆိုင်လေသည်။ ထို့နောက်တော့
ယန်ဆွေ့ရဲ့ပုံပန်းသွင်ပြင်ကို သူ့မှတ်ဉာဏ်တွေထဲ အသေအချာမှတ်သားထားချင်သလို
စိတ်အားထက်သန်စွာနဲ့ ဆန်းစစ်ပါတော့သည်။

ဒီလိုအကဲခတ်တာက ကျိန်းသေပေါက်
လိုအပ်တယ်လို့ သူထင်သည်။ မဟုတ်ရင်
အနာဂတ်မှာ သူ့ယောကျ်ားသူမမှတ်မိဘဲ အမှားလုပ်မိလိမ့်မယ်လေ။

မုံ့ထင် သူ့ကို လေးလေးနက်နက်နဲ့
ငေးကြည့်နေစဉ်မှာ ယန်ဆွေ့ကလည်း
ကောင်လေးကို ပြန်ပြီးကြည့်နေခဲ့သည်။

ဓာတ်ပုံထဲကနဲ့ယှဉ်ရင် အပြင်ကလူက ပိုကြည့်ကောင်းလေသည်။ အထူးသဖြင့်
မျက်၀န်းတွေဖြစ်၏။ ၄င်းတို့က ဓာတ်ပုံထဲကလို
စွဲမက်ဖွယ်ကောင်းစွာ ညှို့ယူဖမ်းစားနေပုံမပေါ်ပေ။ အဲ့ဒီအစား ရိုးရှင်းပြီး အရမ်းကိုသန့်စင်နေလေသည်။

ဒါပေမယ့် ဒီနေရာက စကားပြောဖို့်မသင့်တော်ပေ။
ယန်ဆွေ့ မုံ့ထင်လက်ကောက်၀တ်ကို
ထပ်ပြီးဆုပ်ကိုင်လိုက်သည်။ ဒီတစ်ခေါက်တော့ မုံ့ထင်မခုခံတော့ဘဲ နာနာခံခံနဲ့ ယန်ဆွေ့ခေါ်ရာနောက်သို့ လိုက်သွားလေသည်။

မုံ့ထင်အခုထိ ပျော်ရွှင်မှုမှာနစ်မြုပ်နေတုန်း
ဖြစ်၏။ သူမကြာခင် လက်ထပ်ပြီး ဗိုက်ပြည့်တဲ့ထိ
အ၀စားနိုင်တော့မယ်လေ။

မုံ့ထင်အကြည့်တွေက သူ့လက်ကောက်၀တ်ကို
ဆုပ်ကိုင်ထားတဲ့လူရဲ့ မြင့်မားပြီးကျယ်ပြန့်တဲ့ ကျောပြင်ဆီ ရောက်သွားလေသည်။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)On viuen les histories. Descobreix ara