006 (U+Z)

3.3K 534 18
                                    

006 - သူ့ဘ၀ရဲ့ပထမဆုံးချစ်စကားက__
"ခင်ဗျားလည်း ကောင်းကောင်းစားရမယ်နော် "

--------------------------------------------------

" ဒီနေ့ ငါလည်း အိမ်တော်ဟောင်းကိုပြန်မှာဆိုတော့
ညီလေးခုနှစ်က ငါနဲ့အတူထိုင်လေ "

မုံ့ချီ ဖုန်းဇီကျောက်နဲ့စကားပြောနေရင်း
ဖျတ်ခနဲကြည့်လိုက်တော့ မုံ့ထင်ရဲ့
ငုံ့ထားတဲ့ခေါင်းထိပ်လေးကိုသာ မြင်ရလေသည်။

ဖုန်းဇီကျောက်ကတော့ မုံ့ချီ အိမ်တော်ဟောင်းကို
ပြန်မယ်ဆိုလို့ ကျေနပ်နေ၏။ မုံ့ချီက မုံ့ထင်နဲ့
စကားပြောချင်နေတာကို သူမမှာ ငြင်းပယ်စရာအကြောင်းမရှိချေ။ တကယ်တမ်းတော့
ဒီငတုံးလေးရဲ့ကံက အတော်လေးကောင်းတယ်လို့
သူမ ခံစားနေရသည်။ ကုလန်ရော မုံ့ချီပါ သူ့အပေါ်
ကောင်းမွန်တဲ့ ထင်မြင်ချက်ရှိကြသည်လေ။

ဒါပေမယ့် မုံ့ထင်ကတော့ လူတစ်ယောက်ကို အတင်းအကျပ်နမ်းပြီး မဖွယ်မရာတောင်လုပ်သေးတဲ့ မုံ့ချီနဲ့ အတူတူထိုင်ဖို့ဆန္ဒမရှိလေဘူး။ ထိုကိစ္စက
သူ့အပေါ်အတော်လေး အကျိုးသက်ရောက်စေတာမို့
သူခေါင်းခါလိုက်ပြီး ဖုန်းဇီကျောက်ကို ပြောလိုက်သည်။

" ကျွန်တော် လောင်ဖုရန်နဲ့ပဲ ထိုင်ပါ့မယ် "

မုံ့ချီက စကားပြောလို့ပြီးတာနဲ့ မုံ့ထင်နဲ့ဖုန်းဇီကျောက်
ထိုင်နေတဲ့ကားထဲ ၀င်လာ၏။

ဒါပေမယ့် အဆုံးသတ်ရလဒ်ကတော့ မပြောင်းလဲပေ။
မုံ့ချီက ဖုန်းဇီကျောက်ကို သူ့ကားထဲထိုင်ဖို့ပူဆာကာ မုံ့ထင်ဘေးမှာ ၀င်ထိုင်လေသည်။ ထို့နောက်တော့ မုံ့ထင်ကိုတွယ်ကပ်ကာ ထိန်းကျောင်းရခက်တဲ့ ချစ်သူလေးကိုကြည့်သလို သဲသဲလှုပ်နေတဲ့ အမူအရာနဲ့ ကြည့်နေတော့၏။

နောက်ဆုံးတော့ မုံ့ထင် မျက်လွှာပင့်လိုက်ကာ
တစ္ဖက္လူကို ကြည့်လိုက်ရသည်။
ထိုမြင်ကွင်းက ပဟေဠိဆန်ကာ ထူးခြားအံ့ဩဖွယ်ကောင်းလေသည်။

မုံ့ချီရဲ့မျက်နှာအမူအရာက အတော်လေး ထူးဆန်းတယ်လို့ မုံ့ထင်တွေးမိပေမယ့်
သူ့မှာပြောစရာမရှိပေ။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Wo Geschichten leben. Entdecke jetzt