003-1 (U+Z)

3.3K 531 14
                                    

003- " မုံ့ထင်ရဲ့မျက်လုံးတွေ မျှော်လင့်ချက်နဲ့ တောက်ပသွားတယ် "

--------------------------------------------------

ဟဲ့ဝမ်က ဟိုင်ချန်ရဲ့အကျော်ကြားဆုံးမိသားစုကို
အုပ်ချုပ်နေတဲ့ ယန်ဆွေ့ရဲ့မွေးမိခင်ရင်းဖြစ်သည်။
ဒါပေမယ့် အမေနဲ့သားဖြစ်သူရဲ့ဆက်ဆံရေးက
အမြဲတမ်း ငြိမ်းချမ်းလှသည်မဟုတ်။ သူမနဲ့ ယန်ဆွေ့က တစ်ယောက်နဲ့ တစ်ယောက် လေးစားအထင်ကြီးလို့မရတဲ့ ရန်သူတွေလိုပဲ။

ယန်ဆွေ့က စောစောရင့်ကျက်ပြီး အိမ်တော်ကို
စီမံရတဲ့သူ စောစီးစွာဖြစ်လာခဲ့တယ်။ သူမ
ယန်ဆွေ့အတွက် ပြဿနာဖန်တီးနိုင်တာက
သူ့ရဲ့အိမ်ထောင်ရေးသာ ဖြစ်သည်။

သူမ သေချာပေါက် သူ့အတွက်အားကောင်းတဲ့
နောက်ခံရှိပြီး ထက်မြက်လှပတဲ့ဇနီးတစ်ယောက်ကို
ရှာပေးမှာတော့ မဟုတ်လေဘူး။ အဲ့လိုသာဆို
ယန်ဆွေ့အတွက်အထောက်အပံ့ပေးသလိုဖြစ်ပြီး
သူမရဲ့ မွန်းကျပ်တဲ့ခံစားချက်တွေပဲ တိုးလာလိမ့်မယ်။
ဒါပေမယ့် အတင်းပြောစရာဖြစ်လောက်အောင်
မူမမှန်တာမျိုးတော့လည်း သူမ မလုပ်ပေ။
ဟဲ့၀မ်မျက်လုံးထဲမှာတော့ ဂုဏ်သတင်းကြီးတဲ့ မိသားစုက တရားမ၀င်ကလေးတစ်ယောက်ရဲ့ အဆင့်အတန်းဆိုရင် အတော်လေးသင့်တော်သည်။

သူမ အဆက်မပြတ်စုဆောင်းရွေးချယ်နေရတဲ့
အကြောင်းက ထိုတရားမ၀င်ကလေးတွေက လုံလောက်အောင်မကောင်းလို့တော့ မဟုတ်လေဘူး။
တကယ်တမ်းတော့ ဆန့်ကျင်ဘက်ပဲ...သူတို့က
အရမ်းကောင်းပြီး သိပ်ထူးချွန်လွန်းနေတယ်။

မုံ့ထင်ကို မရွေးချယ်ခင်က သူမ စူးမိသားစုရဲ့
တရားမ၀င်ကလေး စူးစစ်ယွီကို အတော်လေး
မျက်စိကျခဲ့တာ။ မုံ့ထင်က တုံးအတဲ့အမှိုက်ပေမယ့် စူးစစ်ယွီကတော့ အလိုလိုက်ခံရပြီး
ပျက်စီးနေတဲ့သူပဲ။ သူက မုံ့ထင်ထက် လေးနှစ်ကြီးတယ်။ တွေ့သမျှလူနဲ့ပရောပရည်လုပ်ပြီး အပျော်အပါးလိုက်စားရင်းနဲ့ပဲ ဘ၀ကို
ဖြတ်သန်းနေတတ်တာ။ သူတို့အသိုင်းအ၀ိုင်းမှာတော့
စူးစစ်ယွီရဲ့ဂုဏ်သတင်းက မုံ့ရိတယ်နဲ့မထူးခြားနားပဲ။

ဒါပေါ့...စူးစစ်ယွီရဲ့ဘ၀က မုံ့ထင်ထက်
အတော်လေး ပိုကောင်းတာပေါ့။ သူ့အဖေက
သူ့ကိုဖူးဖူးမှုတ်ထားပြီး ရတနာလေးလို ကာကွယ်ပေးတယ်လေ။ ဒါကြောင့်ပဲ စူးစစ်ယွီက
စည်းကမ်းမဲ့ပြီထိန်းမနိုင်သိမ်းမရ
ဖြစ်လာတော့တာပါပဲ။ သူအသက်ကြီးလေလေ
ပိုပြီးပျက်စီးလာလေလေပဲ။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now