010-1 (U+Z)

2.9K 557 29
                                    

010 - " ကျွန်တော် သူ့ကိုကြိုက်တယ်, သူ့ကိုပိုးပန်းချင်တယ် "

--------------------------------------------------

ရှေ့မီးဖွင့်လိုက်ပြီးနောက် ယန်ဆွေ့စားစရာဘူးကိုဖွင့်ပြီး
မုံ့ထင်ဆီပေးလိုက်ကာ, " ဒါဆို စားတော့လေ "

မုံ့ထင် တစ်စုံတစ်ရာငြင်းဆန်ခြင်းမပြုဘဲ ခေါင်းညိတ်လိုက်သည်။ စားစရာဘူးကိုယူပြီးနောက်
စိတ်ပါလက်ပါ စားပါတော့သည်။

မုံ့ထင် တကယ့်ကိုအစပ်လုံး၀မစားနိုင်ပေ။ သူတောင်းဆိုထားတဲ့အတိုင်း နည်းနည်းပဲစပ်တာတောင် သူ့နဖူးနဲ့နှာသီးလေးကို
ချွေးစို့စေသည်။ စားနေရင်းနဲ့ အသက်ရှုထုတ်တိုင်း တရံှု့ရံှု့အသံကြားရလေ၏။

" ရေနည်းနည်းလောက်သောက်လိုက် "
ယန်ဆွေ့ ဓာတ်ဆားရည်ဘူးကိုဖွင့်လိုက်သည်။
မုံ့ထင် စားစရာဘူးကိုင်ထားတာကိုကြည့်ကာ
သဘာ၀ကျကျဘဲ ရေတိုက်လေသည်။

" အရသာကောင်းလား? "

" အင်း " မုံ့ထင် ခေါင်းညိတ်ကာ ဆက်စားနေပြီး
ယန်ဆွေ့က သူ့ကိုရေအနည်းငယ်ထပ်တိုက်၏။
ခေါက်ဆွဲပန်းကန်က သာမန်တစ်ယောက်စာပဲ ဆိုပေမယ့် ညနက်နေပြီမို့ မုံ့ထင်အစာမကြေဖြစ်မှာကို
သူစိုးရိမ်တာဖြစ်သည်။ ညစာအတွက် ထမင်းအများကြီးစားလာသေးတယ်လေ။ ဒီခေါက်ဆွဲတစ်ပန်းကန်ကုန်ရင်တော့ သေချာပေါက်ဗိုက်၀လောက်ပါပြီ။

ခေါက်ဆွဲထက်ပိုစပ်တဲ့ ခေါက်ဆွဲပြုတ်ရည်ကို
မုံ့ထင် သောက်ဖို့တွန့်ဆုတ်နေချိန်မှာပဲ ယန်ဆွေ့က
စားစရာဘူးကိုယူကာ အဖုံးပိတ်လိုက်သည်။
ထို့နောက် တစ်ရှူးတစ်ရွက်ထုတ်ကာ မုံ့ထင်မျက်နှာနဲ့
လက်ကိုသုတ်ပေးလေသည်။ ယန်ဆွေ့လုပ်ပေးတာက ကိုးရိုးကားယားနိုင်ပေမယ့်
သူ့ရဲ့လေးနက်မှုနဲ့စေ့စပ်သေချာမှုကို ထိခိုက်မှုမရှိပေ။

ယန်ဆွေ့ သူ့မျက်နှာကိုသုတ်ပေးနိုင်ရန်
မုံ့ထင် လိမ်လိမ်မာမာခေါင်းမော့ပေးလိုက်သည်။
ယန်ဆွေ့ သူ့မျက်နှာပေါ်ဘယ်လောက်တောင်
အာရုံစိုက်နေလည်းမြင်ချိန်မှာတော့ ကူကယ်ရာမဲ့စွာနဲ့ သူ့နှုတ်ခမ်းတွေကွေးညွတ်ကာပြုံးမိလေ၏။ ယန်ဆွေ့ထက်ကောင်းမွန်တဲ့လူကို သူရှာတွေ့နိုင်မှာမဟုတ်မှန်း တွေးမိရသည်။
ဒီလူက ယန်ဆွေ့ပဲ။ သူဘယ်တော့မှ သူ့ကိုမေ့မှာမဟုတ်ပေ။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now