Description

8.3K 343 19
                                    

Unicode Version

ဒဏ္ဍာရီတွင် ကမ္ဘာ့အဆိုးရွားဆုံးပုဂ္ဂိုလ် ရွှီရွှမ်းချဝ် မှာ သူ၏ကွယ်လွန်သွားသော ချစ်ဇနီးအားချစ်မြတ်နိုးသော ပုံရိပ်ကိုပိုင်ဆိုင်ထားသော်လည်း သူ့ချစ်ဇနီး၏ အသွင်သဏ္ဍန်ကျောဘက်ပုံရိပ် ပန်းချီကားချပ်ကတော့ သူ့လက်ဖြင့်ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သည့် ပြိုင်ဘက်တစ်ဦးဖြစ်သည့်အကြောင်း... ဘယ်သူမှ မသိခဲ့ပေ။

လွန်ခဲ့သော တစ်ဆယ့်ခြောက်နှစ်အခါက...အမတမဟာမိတ်ကျင့်ဝတ်ဌာန၏ ခေါင်းဆောင် ကုန်းဝေ့မှာ ကျင့်ကြံရေးတက်လှမ်းရာစင်မြင့်၌ ဓားတစ်ချောင်းယူဆောင်လာခဲ့သည်၊ သို့တစေ ရွှီ‌ရွှမ်းချဝ်အား လုပ်ကြံသတ်ဖြတ်ရာ၌သူ မအောင်မြင်ခဲ့သောကြောင့် ပုနိုင့်ဟယ်အမည်ရှိ ဓားလက်ချက်ဖြင့် သူသေဆုံးခဲ့သည်။

တစ်ဆယ့်ခြောက်နှစ်ကြာသော်...ကုန်းဝေ့တစ်ယောက် မျက်လုံးဖွင့်လိုက်သည်နှင့် လှပသောအရူးတစ်ကောင်၏ ခန္ဓာကိုယ်၌ သူပြန်လည်မွေးဖွားလာကြောင်းသိလိုက်ရသည့်အပြင် သခင်ကြီးရွှီနှင့်စကားပြောသည့်အခါ ဒူးပင်ထောက်ရသည့်အခြေအနေသို့ ရောက်ရှိသွားလေသည်။

သူ့အတွက်စိတ်အနှောင့်အယှက်ဖြစ်ရသည်မှာ ဤအရာတစ်ခုတည်းပင်မဟုတ်သေးပေ။

သူ၏တင့်တယ်လှပသောအသွင်အပြင်၊ ပြောင်မြောက်သောစွမ်းပကား၊ ဂုဏ်ဒြပ်အဆင့်အတန်းနှင့်အတူ သူ၏ယခင်ဘဝ၌ စောလျင်စွာသေဆုံးသွားခဲ့မှုတို့ကြောင့် ယခုအခါမှာတော့ သူသည်ကား မရေမတွက်နိုင်သော စာရေးဆရာတို့၏ အချစ်တော်တစ်ယောက်ဖြစ်သွားလေသည်၊ များစွာသော ပုံပြင်များ၊ စာအုပ်များတွင် အချစ်ရေးအချစ်ရာဆက်ဆံရေးမျိုးစုံအတွက် သူ့အား အဓိကဇာတ်ဆောင်တစ်ဦးအဖြစ်ဝေဝေဆာဆာပင် ညွှန်းဆိုထားကြသည်၊ နာမည်ကြီးဂိုဏ်းများကြားမှာတောင် ဂိုဏ်းခေါင်းဆောင်တိုင်းနှင့်သူ၏ တရားမဝင်ချိန်းတွေ့မှု ကောလဟာလများရှိနေခဲ့သည်အထိ။

[ပုနိုင့်ဟယ်ဆိုတဲ့ အဓိပ္ပာယ်လေး ရှင်းပြမယ်နော်၊ တရုတ်လူမျိုးတွေရဲ့ အယူအဆအရ လူတွေ သေပြီးကျလို့ရှိရင် မေ့ပျောက်ခြင်းဟင်းရည် သောက်ပြီး နိုင့်ဟယ်တံတားကနေဖြတ်ရတယ်၊ အဲ့ဒီတော့မှ နောက်ဘဝကူးနိုင်တာ၊ ရွှီပိုင်ရဲ့ ပုနိုင့်ဟယ်ဓားကတော့ အဲ့ဒီဓားက လူကိုပဲ သတ်နိုင်တာမဟုတ်ဘူး၊ ဓားနဲ့ ထိုးမိရင် ဝိညာဉ်ကိုပါ ထိခိုက်တယ်၊ ပြီးတော့ ပုနိုင့်ဟယ်ဓားနဲ့တစ်ခါ ထိုးခံဖူးတဲ့သူက အဲ့ဒီဓား သူ့ဘေးပတ်ပတ်လည်မှာ ရောက်လာတာနဲ့ ဒဏ်ရာပြန်နာလာတယ်၊ ပြန်ပြီး ခံစားမိတယ်ပေါ့နော်၊ နောက်ပြီး အဲ့ဒီဓားချက်နဲ့ သေတဲ့သူက ဝိညာဉ် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပျက်စီးသွားပြီး လူ့ဘဝကိုပြန်ဝင်စားလို့လည်း မရတော့ဘူး၊ ငရဲပြည်၊ နတ်ပြည် ဘယ်နေရာမှ ရောက်တော့မှာမဟုတ်ပဲ လောကကြီးကနေ အပြီးတိုင် ပျောက်ကွယ်သွားမှာပါ၊ ဒါကြောင့် ပုနိုင့်ဟယ် - နိုင့်ဟယ်တံတားကို ဖြတ်သန်းခွင့်မပြုဆိုတဲ့ နာမည်လေးပဲ ပေးလိုက်ပါတယ်နော်]

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now