အပိုင်း ၂၆ (Unicode Version)

454 92 6
                                    

အပိုင်း ၂၆

ရွှီရွှမ်းချဝ်ထံကနေ “ငါ သဘောပေါက်ပြီ” ဆိုသော စကားလုံး မထွက်လာခင်အထိ လေထုတစ်ခုလုံး အထိတ်တလန့် အငွေ့အသက်တွေ လွှမ်းမိုးနေ၏။

ပြီးတာနဲ့ သူ ယွိချီရှောင်ဘက်ကို ဆက်လျှောက်သွားသည်။

“သခင်ကြီးရွှီ”.........အမတမဟာမိတ်၏ တပည့်များမှာ လတ်တလော သူတို့ ဘာပြဿနာတက်နေကြမှန်းမသိတာကြောင့် ရွှီရွှမ်းချဝ်ပါ လိုက်သွားမည်ကို စိုးရိမ်ကာ လှမ်းတားလိုက်သည်.........”အမတမဟာမိတ်ရဲ့ ဥပဒေအရ အမတမဟာမိတ်ဂိုဏ်းချုပ် ယင်းသခင်ကြီးနဲ့ ချန်းယန်ဂိုဏ်းချုပ်တို့ နှစ်ယောက်စလုံး အန္တရာယ်ရှိတဲ့ နေရာမျိုးကို အတူသွားလို့မရဘူး၊ တစ်ယောက်ကတော့ ခေါင်းဆောင်အဖြစ်ကျန်နေခဲ့ရမယ်၊ ဒါကြောင့် ချန်းယန်တောင်ကနေ သခင်ကြီး ထွက်ခွာလို့မရပါဘူး...”

ရွှီရွှမ်းချဝ်ကတော့ ယွိချီရှောင် ဆီသို့ ဆက်လျှောက်ဆဲ...........”ငါ သိတယ်”

"သခင်ကြီးး-"

သံတမန်၏ စကားများ တစ်ဝက်တစ်ပျက်နှင့်ဆို့နင့်သွား၏၊ ရွှီရွှမ်းချဝ်မှာ သေစေလိုတဲ့ရည်ရွယ်ချက်အပြည့်နဲ့ ဓားဆွဲထုတ်လိုက်ပြီး ယွိချီရှောင်၏ လည်မျိုကို ချိန်ရွယ်လိုက်လို့ပင်။

သည်တစ်ကြိမ်တော့ တားပေးနိုင်မယ့်သူ တစ်ယောက်မှမရှိတော့၊ ပုနိုင့်ဟယ်၏ အငွေ့အသက်က ယွိချီရှောင်ကို မလှုပ်သာအောင်ချုပ်နှောင်ထားပြီး လည်မျိုထက်ဆင်းသက်လာရာ သည်တစ်ခါတော့ သွားပြီ၊ ယွိချီရှောင် သူ ဓားနှင့်အထိုးခံရပြီဆိုပြီး လုံးဝအပိုင်တွက်ထားသည်။

ငါ သေသွားပလား???

သို့ပေသိ အနှီအေးစက်စက်ဓားသွားက သူ့မျက်နှာဘေးဘက်သို့ ရွေ့လျားသွားပြီး သူ့ ပါးကို နှစ်ချက်ခန့်ပုတ်လိုက်ရာ ဓားသွားပေါ်၌ သွေးများတလဟော ကျဆင်းလာ၏။

"..."..........ယွိချီရှောင် နာလွန်းလို့ တဆတ်ဆတ်တုန်နေပြီး မျက်လုံးများဖွင့်လိုက်ရာ ရွှီရွှမ်းချဝ်၏ လှောင်ပြောင်နေသော အမူအရာ အပေါ်စီးကနေ သူ့ကိုမိုးကြည့်နေတာကို မြင်လိုက်ရသည်။

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now