အပိုင်း ၈

938 176 11
                                    

Unicode Version

အပိုင်း ။ ၈

ခရမ်းရောင် ပိတ်ပါးစအား ဝတ်ဆင်ထားထားသော ဆေးဝိဇ္ဇာဂိုဏ်း၏ တပည့်နှစ်ဦးမှာ ခြေလှမ်းများ တရှပ်ရှပ်မြည်အောင် သွားနေရင်း ယင်ဖယောင်းတိုင်များအားထွန်းညှိနေပေသည်၊ စိမ်းရောင်ခြယ်မီးမှာကား ရေခဲဆောင်အတွင်း၌ ကျောချမ်းဖွယ်ရာ မှိန်ဖျော့ဖျော့ လင်းလက်နေလျှက်ရှိနေ၏။

“သခင်ကြီးရွှီ ...အားလုံးအဆင်သင့်ပါပဲ”

ဤကျင့်ကြံရေးလောကရှိ ပင်မဂိုဏ်းများအားလုံးလိုလိုဟာဆိုရင်တော့ဖြင့် သူတို့၏နယ်နိမိတ်များအား ကိုယ်စီကိုယ်စီ ကာကွယ်စောင့်ရှောက်ကြသည်သာပင်၊ ရွှေလှေဆေးဝိဇ္ဇာဂိုဏ်း၏ မုသော်ကျူး မှ လွဲ၍၊ အကြောင်းပြချက်မှာကား သူဟာ ဆေးပညာလောက၏တပည့်တပန်းများအား ပျိုးထောင်ပြီး ဤကမ္ဘာကြီးအတွက် ကမ်းလက်ကြိုဆို ကယ်တင်ပါ့မည်ဟု အခိုင်အမာ ရပ်တည်သောကြောင့်ပင်၊ နောက်ထပ်အကြောင်းပြခက်တစ်ခုကတော့ ငွေကြေးများ ပိုမိုရှာဖွေရန်အတွက်သာ၊ ထိုအကြောင်းကြောင့်ပင် သူကား လောကတစ်ခွင်အတွင်း ဆေးကုသခန်းများစွာ တည်ထောင်ထားခဲ့ပေသည်။

ယခုချိန်....နေ့လည်နေ့ခင်းသာ ဖြစ်သေးသော်လည်းပဲ စံအိမ်အတွင်းပိုင်း၌ မှောင်မိုက်လွန်းနေသောကြောင့် လူတိုင်းလူတိုင်း မိမိတို့၏ လက်ထိပ်ဖျားများကိုတောင် မမြင်ရတော့ချေ၊ ပုံသဏ္ဍန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးရှိနေသော သေသေသပ်သပ်နေရာချထားသည့် ခေါင်းတလားနှစ်ဆယ့်ရှစ်ခုပေါ်၌  တောက်တောက်ပပယိမ်းနွဲ့နေကြသော အစိမ်းရောင်ဖယောင်းတိုင်မီး လေးတန်းကိုသာ လှမ်းမြင်တွေ့နိုင်ကြပေ၏။

ကုန်းဝေ့ကတော့ လူအုပ်ကိုဖြတ်ကျော်တိုးဝှေ့ရင်း အမှောင်အရိပ်ကျသော ထောင့်တစ်ထောင့်၌သာ သွားရောက်ပုန်းကွယ်နေလေသည်၊ သူ အနည်းငယ် စိတ်သက်သာရာရရုံရှိသေး၊ အမှတ်မထင်ပဲ လူအုပ်ကြားထဲမှသူလွတ်မြောက်လို့အပြီး အနောက်ရှိတစ်စုံတစ်ယောက်အား တွန်းတိုက်မိသွားရာ သူ၏တစ်ကိုယ်လုံး ဆတ်ခနဲတုန်ယင်ကာ ထိတ်လန့်သွားရတော့သည်။

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now