အပိုင်း ၁၀

807 147 15
                                    

Unicode Version


အခန်း ၁၀။

ကုန်းဝေ့ ခေါင်းကိုသာ ဇွတ်တရွတ်ခါလိုက်ပြီး အိပ်ရာပေါ်ပြန်လှဲကာ စောင်ကြီးခေါင်းမြှီးခြုံရင်း သက်ပြင်းသာချလိုက်တော့သည်။

မုန့်ယွင်ဖေး ဆိုလေသည်..... “မနေ့ညတုန်းကကျ သခင်ကြီးရွှီရှိနေလို့ တစ်မြို့လုံး သေတဲ့လူ ဘယ်သူမှမရှိဘူး၊ သခင်လေးယွိချီကတော့ အဲ့ဒီတစ္ဆေကျင့်ကြံသူ ကြေးမုံပြကွက်သုံးပြီး လူတွေကို ဒုက္ခထပ်ပေးမှာစိုးလို့ တစ်မြို့လုံးမှာရှိတဲ့ ပြဒါးမှန်တွေအားလုံး စုပြီးသိမ်းခိုင်းလိုက်တယ်..ရှန့်သခင်လေး? မင်း တကယ် အဆင်ပြေလို့လား?...”

ရှုပ်ပွနေသော စောင်ပုံကြီးကြားထဲကနေ ဗလုံးဗထွေးနှင့် ဝူးခနဲ အသံတစ်သံ လိမ့်ထွက်လာ၏၊ ရွေ့လျားမှု ပုံစံကြည့်ရသလောက်တော့ ကုန်းဝေ့ ခေါင်းယမ်းနေတာပဲဖြစ်လိမ့်မည်။

မုန့်ယွင်ဖေး သူ့ကိုယ်သူ အိန္ဒြေဆယ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် မျက်နှာကြီး နီမြန်းကာ ဆက်ပြောလာ၏..... “မနေ့ကဖြစ်ခဲ့တာတွေအကုန် ငါလည်း ပြန်ကြားပြီးပါပြီ၊ ငါတော်တော်လေး နမော်နမဲ့နိုင်ခဲ့လို့သာ ကြေးမုံပြကွက်ထဲ‌ ကျဆင်းသွားရတာ၊  လူတွေအကုန်လုံးကိုလည်း ဒုက္ခပေးတော့မလို့ပဲ၊ ရှန့်သခင်လေးအချိန်မှီ အဲ့ဒီ ထင်ယောင်ထင်မှားအစီအရင်ရဲ့ လျှို့ဝှက်ချက် ရှာတွေ့ခဲ့လို့သာ၊ နောက်ပြီး သခင်လေးယွိချီလည်း ငါ့အတွက် အစွမ်းကုန် ကြိုးစားပြီး ကယ်တင်ပေးလို့သာ ငါ့ဘဝတစ်လျှောက်လုံး နောင်တရရမယ့် အဖြစ်မျိုး ဖြစ်မလာခဲ့တာ၊ ကျေးဇူးအများကြီး တင်ပါတယ်နော်...”

သူပြောတာလည်း မမှားပေ၊ အကယ်၍ သူသာ ကုချင်တစ်လက်နှင့် ထင်တိုင်းကြဲသောင်းကျန်းမည်ဆိုပါက တစ်လမ်းလုံးရှိ လူအကုန် သေသွားကြလိမ့်မည်၊ စောင်ပုံထဲ ခေါင်းမြုပ်ထားသည့် ကုန်းဝေ့ကတော့ နုံးခွေစွာနှင့်ပဲ တုံ့ပြန်လေသည်..... “သခင်လေးမုန့် နားလည်မှုလွဲနေတာပါ၊ အဲ့တာ ကယ်တင်ရှင်ကိုကို...သူရဲကောင်းယွိချီကိုပဲ ကျေးဇူးတင်ရမှာ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး...”

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now