အပိုင်း ၂၈ (Unicode Version)

630 90 13
                                    

အပိုင်း ၂၈

ထိုအချိန်၊ တင့်ရှန်းဂူဗိမာန် မြေအောက်နန်းဆောင်၏ ကိုးထပ်မြောက်တွင်...

မြေပြင်တစ်ခုလုံး ဂျိမ်းခနဲမြည်သံနက်ကြီးနှင့် တသိမ့်သိမ့်တုန်လှုပ်သွားပြီးတဲ့နောက် တန်ချိန်တစ်ထောင်ခန့်ရှိမည့် မုခ်ဦးကျောက်တံခါးကြီး ပိတ်ကျသွားပြီး တံခါးအနောက်ဘက်ရှိ အော်ဟစ်နေကြသော အလောင်းများ ပိတ်ဆို့သွား၏၊ ပြီးတဲ့နောက်တော့ ယွိချီရေ့  သူ၏ဓားရှည်ကို ကြေးဝါကြမ်းပြင်ပေါ်ကို ထိုးစိုက်ချလိုက်ပြီး တစ်ကိုယ်လုံးတုန်ခါနေရင်း နွမ်းလျစွာ သွေးတစ်ပွက်အန်ထွက်လာသည်။

“မင်း ဘာပြာလိုက်တယ်???” ......သူ နောက်ဆုံး မေးဖို့အခွင့်အရေးရသွားသည်.........”ဒီအထပ်မှာ ခေါင်းတလား လေးခုရှိတယ်??”

ယင်းခိုင် ကျောက်တခါးကို လျှောမှီရင်း ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်၊ သူ၏ဝတ်ရုံတစ်ခုလုံး စောနက အလောင်းအုပ်နှင့် တိုက်ခိုက်ခဲ့ရာမှ ရလာသော စုတ်ပြဲဒဏ်ရာများကြောင့် သွေးများရွှဲနစ်နေရာ တော်တော်အခြေအနေ ဆိုးရွားနေ၏၊ သူ ခေတ္တတော့ စကားမပြောနိုင်လိုက်၊ ချောင်းတဟွတ်ဟွတ်ဆိုးရင်း သွေးများဟပ်ထုတ်လိုက်၏၊ ပြီးတာနှင့် မီးညှိလိုက်သည်။

“အဆင်ပြေတယ်”......ယွိချီရေ့ လှမ်းတားတော့မလိုပဲရှိသေး၊ ယင်းခိုင် လက်ဝှေ့ယမ်းရင်း အဆင်ပြေကြောင်း ဖြေလိုက်သည်၊ ..........”ဒီလောက် မီးသေးသေးလေး သူတို့ သတိမထားမိနိုင်ဘူး၊ ငါတို့ အသက်ရှုငွေ့ကို မခံစားမိတာနဲ့ ဒီကောင်တွေ သိပ်မကြာခင် လူစုကွဲသွားလိမ့်မယ်၊ ငါတို့ အေးအေးဆေးဆေး ထွက်လမ်းရှာရုံပဲ”

တုန်ခါမှုလည်း တဖြေးဖြေးချင်း ငြိမ်ကျသွားသည်၊ မီးရောင်အောက်၌ လျှောက်လမ်းနေရာ ကျဥ်းကျဥ်းလေး လင်းရှင်းသွား၏၊ သူတို့နောက်၌ အလောင်းကောင်များကို ဟန့်တားပိတ်ဆို့ထားသော အနက်ရောင်သံတံခါးတစ်ချပ်ရှိနေပြီး အရှေ့မှာတော့ အမှောင်ထုထဲ မြုပ်ကွယ်နေတဲ့ အနားသတ်မမြင်ရသော ပိုခိုင်ခန့်သားနားသည့် ရွှေရောင်တံခါးချပ်ကြီးရှိနေ၏။

သူ၏ရှေ့မတော့ အဆုံးသတ်မမြင်ရအောင် ကြီးမားသည့် တံခါးချပ်ကြီး၊ ယင်းခိုင် အတန်ကြာအောင် ငေးကြည့်နေရင်း ရွှေ‌ရောင်တောက်ပနေသည့် သူ၏ဓါးရှည် တင့်ရှန်းဟိုင်ကို လက်ဖြင့်ဆုပ်ကိုင်ရင်း ဟက်ခနဲရယ်ချလိုက်သည်...........”မင်းသိလားချန်ရှန်း.....ငါ ဘာဖြစ်လို့ ဂိုဏ်းပေါင်းစုံရဲ့ ဂူဗိမာန် စုပေါင်းတည်ဆောက်ဖို့ အကြံပြုခဲ့သလဲဆိုတာကို???”

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now