အပိုင်း ၂၇ (Zawgyi Version)

191 8 0
                                    

အပိုင်း ၂၇

လွန်ခဲ့သော ဆယ့်ငါးမိနစ်က...

ဝမ်းရှိုးယန် ကျောက်လှေခါးထစ်အဆုံးမှာ မတ်တပ်ရပ်ရင်း ယွိချီရှောင်ကို လောကွတ်ပြုလိုက်သည်...........”သခင်လေး ကျေးဇူးပြုပြီး ကြွပါ”

ယွိချီမိသားစု၏ မျိုးဆက်များက မာကျောကြံ့ခိုင်သူများဖြစ်ကြလေရာ ယွိချီရှောင်တစ်ယောက် ယခုကဲ့သို့ ရွှီရွှမ်းချဝ်၏ ဓားချက် နှစ်ချက်ထိသွားခဲ့တာတောင် အသက်ရှင်နေတုန်းပင်၊ သူ ပါးစပ်ကနေ သွေးနည်းနည်း ထွက်သွားပြီး မတ်တပ်ထရပ်လိုက်သည်.........”အစ်ကိုဝမ်း”

“ဘာလဲ ပြောပါ??”

ယွိချီရှောင် ခဏလောက်စဉ်းစားလိုက်ပြီးမှ ပြောလာ၏.............”သခင်ကြီးရွှီက ဂုဏ်ရှိန်ကြီးမားလွန်းတာကြောင့် သူ့အတွက် အပြင်တန်းက တပည့်ငယ်လေးတွေက ပုရွက်ဆိတ်သာသာလောက်ပဲရှိတာ မှန်တယ်၊ ဒါပေမယ့် ကြာပဒုမ္မာအမတသခင် သွားတာလည်း သွားနှင့်လိုက်ပြီ၊ ဒီလို သူ့နေရာ အစားထိုးတာကြီးကတော့ မကောင်းပါဘူး၊ ကျွန်တော် အခွင့်ကြုံတိုင်းလည်း ဒီကိစ္စ တားသွားမှာပါ၊ အစ်ကိုဝမ်းလည်း အခွင့်ကြုံတာနဲ့ သခင်ကြီးရွှီကို နားချပေးပါအုံး”

ဝမ်းရှိုးယန် သရော်တော်တော်ပြုံးသည်......”နားချရမယ်??”

”ဒါနဲ့ ခင်ဗျားသွားနေတာ တင့်ရှန်းဂူဗိမာန်ရှိတဲ့ဘက် နော်??” ....ရုတ်တရက် သူတို့၏စကားလမ်းကြောင်းပြောင်းလဲသွားသည်

ယွိချီရှောင်....”မဟုတ်ရင် တခြားဘယ်ရှိသေးလို့လဲ??”


“ဒါပေမယ့် ကျွန်တော် မှတ်မိတာတော့ ဓားကျင့်စဉ်ဂိုဏ်းချုပ်က ခင်ဗျားကို ရွှေရတုမုခ်ဝပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခိုင်းတာမလား???”

ယွိချီရှောင် မပျော်မရွှင်ပဲ ပြောလေသည်..............”ခင်ဗျားတို့ သခင်ကြီးရွှီ တစ်ခုခုဖြစ်ရင်ရော ခင်ဗျား ဒီလိုပဲ ချန်းယန်ဂိုဏ်းပြန် တံခါးပိတ်ထိုင်နေမှာလား??”

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now