အပိုင်း ၂၀ ( Zawgyi Version)

474 25 1
                                    

Zawgyi Version

အပိုင်း ၂၀


ကုန်းဝေ့ ခြေတစ်လှမ်းခန့်နောက်ဆုတ်လိုက်ပြီး သူ၏အပြုံးလည်း ချက်ခြင်းပျောက်ကွယ်သွား၏၊ သူ သတိရှိရှိနှင့် နှုတ်ခွန်းဆက်လိုက်သည်........."တပည့် ရှစ်ကျွင်းကို ဂါရဝပြုပါတယ်"

ရွှီရွှမ်းချဝ် နေ့အလင်းကို နောက်ကျောပေးထားခြင်းဖြစ်ရာ ကုန်းဝေ့ သူ၏အမူအရာကို ရိပ်ဖမ်း၍မရဖြစ်နေ၏၊ ထိုသူကတော့ တံခါးခြေနင်းကိုကျော်၍ အခန်းထဲဝင်လာခဲ့သည်။

ကုန်းဝေ့ နေထိုင်သောနေရာမှာ ရွှမ်ကျီခန်းမဆောင်၏ ဘေးခန်းဖြစ်သော်လည်း ပင်မခန်းမဆောင်နှင့် နံရံတစ်ချပ်သာ ခြားထားသည်။

ကုန်းဝေ့ဘက်အခြမ်း၌ ကျော့ရှင်းအေးချမ်းသော အငွေ့အသက်များထုတ်လွှတ်လျက်ရှိသည်၊ ရွှီရွှမ်းချဝ်၏ ကိုယ်ပိုင်ဟန်ဖြစ်သော မှင်နက်ကျောက်စိမ်းတိုင်လုံးများ၊ ဝေလငါးရိုး ရက်မ၊ အပြာရောင် ပိတ်ပါးစ၊ ပိုးထည်ကန့်လန့်ကာများနှင့် ပြတင်းအပြင်ဘက်တွင် ကြည့်ပျော်ရှုပျော်ရှိသော ဝါးရုံတောတစ်ခုပါ ရှိနေလေရာ လေတိုက်လိုက်တိုင်း တရှဲရှဲမြည်သံတို့နှင့် လူ့စိတ်ကို အထူးတည်ငြိမ်မှု ပေးစွမ်းနေတော့သည်။

ကုန်းဝေ့ ရွှီရွှမ်ချဝ် စားပွဲ၌ ဝင်မထိုင်မီ ထိုသူ၏ အသစ်တမျှဖြူဖွေးနေသော ဖိနပ်တစ်ရံ... ပြောင်လက်နေသော သစ်သားကြမ်းခင်းကို နင်းလျှောက်သွားခြင်းအမှုအား အာရုံစိုက်ကြည့်ရှု လိုက်၏၊ ရွှီရွှမ်းချဝ်ကတော့ သူ ဘာတစ်ခုမှ မမြင်တွေ့လိုက်သလို ပုံစံမျိုးဖြင့် မေးခွန်းမေးလိုက်၏........."ငါ အလွတ်ကျက်ခိုင်းထားတဲ့ စာတွေ မင်း ရပြီလား?"

ကုန်းဝေ့ ခေါင်းငုံ့ရင်း ပြန်ဖြေလေသည်......."ဒီတပည့်က ထုံထိုင်းပါတယ်"

ရွှီရွှမ်းချဝ် ကုန်းဝေ့စကား နည်းနည်းလေးမှ နားမဝင်သလိုပင်၊ သူ ဆက်ပြော၏........."အလွတ်ရွတ်ပြစမ်း!!"

ဝိညာဉ်ချုပ်မန္တန်ကဲ့သို့ အမတကျမ်းစာတစ်စောင်အား သာမန်သေမျိုးတစ်ယောက် ဖတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ‌ထွင်းထုထားသော ရှေးအက္ခရာ၌ ဝိညာဉ်ရေးရာစွမ်းအင်များ ပြည့်နှက်နေလို့ပင် ဖြစ်၏၊ အကယ်၍ ဝိညာဉ်ရေးရာစွမ်းအင်မလုံလောက်ဘူးဆိုပါက ကျမ်းစာကို ကျက်မှတ်နိုင်ဖို့နေနေသာသာ ဖတ်တောင် ဖတ်နိုင်လိမ့်မည်မဟုတ်ပေ။

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now