အပိုင်း ၁၁

700 142 9
                                    


Unicode Version

အပိုင်း ။ ၁၁

အချိန်များအားလုံး အေးခဲရပ်တန့်သွား၏၊ လှုပ်ရှားသူတစ်ဦးမရှိ၊ လူအုပ်ကြီး၏ အမူအရာများကတော့ စကား‌ပြောနေသူ၊ ရယ်မောနေသူ၊ လက်ခုပ်ဩဘာပေးနေသူစသဖြင့်...သူတို့အားလုံး ရုပ်ပုံကားချပ်ကြီးအတိုင်း တသတ်မတ်တည်း၊ တစ်ဦးဆိုလျင် ပါးစပ်ကြီးဟပြီး အစားအသောက်များအား ပါးစပ်ထဲသွင်းခါနီး ဆဲဆဲလေးတောင် ရှိနေသေးသည်၊ ..တိုက်ခတ်နေသော လေတောင်မှ ရပ်တန့်သွားသလိုပင်။

ကြောက်မက်ဖွယ်ရာ သေသလိုတိတ်ဆိတ်နေမှုများအလယ်၊ ယွိချီရှောင်၏ တုန်လှုပ်နေသော အသံတစ်သံသာ ရုတ်တရက်ထွက်လာခဲ့သည်။

“ရွှီ...သခင်ကြီးရွှီ...”

ရွှီရွှမ်းချဝ် ကန့်လန့်ကာဖွင့်ကာ အခန်းအပြင်သို့ထွက်လာပြီး သူတို့ သုံးယောက်တစ်အုပ် ဘက်သို့ တစ်ချက်မျှဝေ့ကြည့်လိုက်၏၊ သူ၏ပျင်းရိပျင်းတွဲ၊ မည်းမှောင်သော မျက်ဝန်းအိမ်များအတွင်း မည်သည့်ခံစားချက် တစ်စွန်းတစ်စမှ မရှိလင့်ပါကစား သူ၏အကြည့်နှင့် ထိတွေ့မိသည့် ဘယ်သူမဆို အရိုးထဲစိမ့်တက်လာအောင်တော့ ခြောက်လန့်နိုင်စွမ်းအပြည့်အဝ ရှိသည်။

"ဒီလို ခပ်ပေါ့ပေါ့ အဓိပ္ပာယ်တစ်ပြားသားမှ မရှိတဲ့အရာတွေနားထောင်ပြီး အချိန်ဖြုန်းနေရင် သူတို့နားရွက်တွေပဲ ပြတ်သွားလိမ့်မယ်...... ရွှီရွှမ်းချဝ် တုံးတိတိကြီး ပြောချလာ၏။

ဘယ်သူမှ ခွန်းတုံ့မပြန်ရဲတော့။

ပြီးတဲ့နောက်တော့ ရွှီရွှမ်းချဝ်၏အကြည့်များက ကုန်းဝေ့နှင့် စားပွဲထက်ရှိ စားလက်စ သေရည်မူးကြက်ဟင်းလျာထံသို့ ကျရောက်သွားပြန်သည်၊ ထပ်မံ၍ သူ စကားတစ်ခွန်းမှ မပြောတော့ပဲ လှေကားထစ်များအတိုင်း အောက်ထပ်သို့ ဆင်းသွား၏၊ အခန်းအတွင်း လေတိုက်နေခြင်းမရှိသော်လည်း ရွှီရွှမ်းချဝ်၏ ဝတ်ရုံလက်များကတော့ တဖျပ်ဖျပ် လွင့်ပျံလာခဲ့ကာ နောက်ဆုံးတော့ သစ်သားလှေကားထစ်များထက်၊ ခပ်ပါးပါးလေထုအကြားမှာပဲ သူ့တစ်ကိုယ်လုံး ပျောက်ကွယ်သွားတော့သည်။

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now