အပိုင်း ၂၅ (Unicode Version)

455 83 7
                                    

အပိုင်း ၂၅

“သခင်ကြီးရွှီ တပည့်တစ်ယောက် လက်ခံလိုက်ပြီဆိုတဲ့ သတင်းကြားတယ်၊ ဒါ ချန်းယန်ဂိုဏ်းအတွက် ဆက်ခံသူရလာပြီဆိုတဲ့သတင်းကောင်းပဲလေ၊ ဒါကြောင့် ကျွန်တော် ဂုဏ်ပြုလက်ဆောင်ပေးဖို့ နည်းနည်းပြင်လာခဲ့တာခင်ဗျ”

ယွိချီရှောင် လက်ဖက်ရည်ခွက်ကိုချရင်း လက်ဝှေ့ယမ်းပြလိုက်သည်၊ ရွှေရတုမုခ်ဝမှ တပည့်လေးဦး ဦးညွတ်လျက် ရှေ့ထွက်လာကြသည်၊ ရှေ့မှဦးဆောင်သော တပည့်လေးကတော့ ဦးညွတ်အရိုအသေပြုကနေ သူ၏လက်ထဲရှိ စန္ဒကူးသားသေတ္တာတစ်လုံးအား စားပွဲထက်သို့ ဆက်သလိုက်၏။

"..."

ချန်းယန်ဂိုဏ်းရှေ့ခန်းမဆောင်၊ ပြင်ပမုခ်ဦး၌ ကျင့်ကြံရေးဆရာပေါင်းများစွာ မတ်တပ်ရပ်နေကြသည်၊ ထိုအထဲကမှ ပုံမှန်အားဖြင့် အလွန်စကားနည်းသည့် ကျင့်ရွှီဆိုသောဆရာတစ်ယောက်သာ ချောင်းအနည်းငယ်ဟန့်ရင်း ဝင်ပြောလိုက်သည်.......”သခင်လေးအထင်လွဲနေပြီထင်တယ်၊ ချန်းယန် ဂိုဏ်းချုပ်က ဘယ်တုန်းကမှ တပည့်လက်မခံဖူးဘူး၊ ဂိုဏ်းချုပ်သာ တကယ်လို့ တပည့်လက်ခံလိုက်ရင် ဒါ နောက် ဆက်ခံသူသစ်နေရာအတွက် လက်ခံလိုက်တာဖြစ်လို့ တလောကလုံးကို အသိအမှတ်ပြုရမှာလေ၊ ဒီလိုဆို ဒီသတင်း ဘာဖြစ်လို့ ခုထိ မကြေငြာသေးရတာဖြစ်မလဲ? ကျုပ်အမြင်အရတော့ သခင်လေး လက်ဆောင်တွေ ပြန်ယူသွားလိုက်တာပဲ အသင့်တော်ဆုံးနေမယ်...”

“ကျွန်တော့်ကို သခင်ကြီးရွှီကိုယ်တိုင်ပဲ နှုတ်နဲ့ အတည်ပြုပေးခဲ့တာ”

ဆရာကျင့်ရွှီ၏ အသံ ရုတ်တရပ် ရပ်တန့်သွားသည်။

ယွိချီရှောင် ကိုယ်တိုင်ကိုယ်ကျ စန္ဒကူးသေတ္တာကို ဖွင့်ကာ ယဥ်ယဥ်ကျေးကျေးလေးပဲ ဆက်ပြောလိုက်သည်.....”ဒါဖြင့် ဒီကျင့်ကြံရေးဆရာကိုယ်တိုင် လက်ဆောင်တွေကို ရွှမ်ကျီခန်းမဆောင်ထဲ ယူသွားပေးရင် အဖြေထွက်လာမယ်မဟုတ်ဘူးလား??”

သေတ္တာအတွင်းမှာတော့ ‌ရွှေရောင်ချည်ကွင်းများထိုးနှံထားသော ကြက်သွေးရောင် ခါးပတ်တစ်ခု ခေါက်လျက်သားပင်။

အနှီခါးစည်းကြိုးမှာ နှစ်ပေလောက်သာ ဗြက်ကျယ်သော်လည်း သူ့အပေါ်မှာထိုးထားသော တိမ်လွှာသဏ္ဌာန်နှင့် ကြိုးကြာသဏ္ဌာန်ရွှေချည်မျှင်များအနုစိတ်ထိုးနှံထားသည်မှာ တစ်ချက်ကြည့်ရုံနှင့်တောင် တပ်အပ်သိနိုင်သည်၊  အမတမဟာမိတ်အတွင်း နှစ်ဦးထပ်မရှိနိုင်သော၊ အထူးသဖြင့် ‌ရွှေရတုမုခ်ဝ၏ သမီးကညာနှင့် ချွေးမများအတွက်သာလျှင် သက်ဆိုင်မှုရှိသော အဆင်တန်ဆာ၊ ....ကျင့်ကြံရေးဆရာတစ်ယောက်၏ မျက်နှာအမူအရာလည်း ချက်ချင်းပြောင်းလဲသွားပြီး ချက်ချင်းမေးလိုက်သည်........”သခင်လေးယွိချီ ဒါ ဘာသဘောလဲ? ခင်ဗျားတို့ မိသားစုရဲ့ ဒီ အမျိုးသမီးအသုံးအဆောင်ပစ္စည်းကို ချန်းယန်ဂိုဏ်းအတွက် ဂုဏ်ပြုလက်ဆောင်အဖြစ်ပေးမယ်??? ခင်ဗျား တကယ်ပဲ...”

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now