အပိုင်း ၂၃ ~ Unicode Version

497 95 11
                                    

အပိုင်း ၂၃

အပ်ကျသံပင်ကြားရလောက်သည်အထိ အခန်းတွင်း တိတ်ဆိတ်သွားသည်၊ ကုန်းဝေ့ ရွှီရွှမ်းချဝ်ကို သူငယ်အိမ်များပါ ကျုံ့ဝင်သွားသည်အထိ တည့်တည့်စိုက်ကြည့်လိုက်၏၊

“ကြာပဒုမ္မာအမတသခင် အသက်ရှင်နေတဲ့အချိန်တုန်းက အဲဒီဓားကျင့်စဥ်ဂိုဏ်းမိသားစုနဲ့အရမ်းပေါင်းတယ်လေ..”

“မင်း သူနဲ့ အကြိုက်တွေ ပိုတူလေ ငါ မင်းကို ဖယ်ထုတ်ဖို့ နီးစပ်လေပဲ၊ သဘောပေါက်တယ်နော်...”

ယခုမှ သူ၏အေးစက်တောင့်တင်းနေသော ခြေထောက်များ၊ အရိုးများထံသို့ သွေးများ ပြန်လည် လည်ပတ်စီးဆင်းသွားပြီး သူ၏ကြွက်သားများလည်း ပြန်လည် ပြေလျော့သွား၏၊ သူ စကားပြန်စပြောသည့် အခါမှာတော့ အနည်းငယ်အသံသြနေခြင်း၊ ရှက်ဝဲဝဲဖြစ်နေခြင်းမှ လွဲကာ အရင်နှင့် အများကြီး ကွာခြားနေမှုတော့ မရှိ၊ တော်သေးပြီ။

“ဟုတ်...တပည့်နားလည်ပါတယ်..”

ရွှီရွှမ်းချဝ် ခေါင်းသာ ညိတ်ပြသော်လည်း ကုန်းဝေ့ မေးဖျားကို ကိုင်ထားသော လက်ကတော့ မလွှတ်၊ သူ့လက်ချောင်းများကလည်း အတွင်းအားများဖြင့် သန်မာလွန်းသည်၊ ရုတ်တရက် သူ အကြောင်းအရာပြောင်းကာ မေးမြန်းလိုက်သည်၊..........”ဒါဖြင့် မင်း အဲဒီကြာပဒုမ္မာအမတသခင် အမုန်းဆုံးလူက ဘယ်သူဆိုတာရော သိသလား??”

“ဒီတပည့် မသိပါဘူး..”

ရွှီရွှမ်းချဝ် နှုတ်ခမ်းထောင့်စွန်းများ ရုတ်တရက်အပေါ်ကွေးတက်သွားသော်လည်း အမူအရာကတော့ နည်းနည်းလေးမှ ပြောင်းလဲမှုမရှိ........”ဟုတ်တယ်၊ အဲဒါ ငါပဲ...”

သခင်ကြီးရွှီနှင့် ကြာပဒုမ္မာအမတသခင်တို့ကြား ကမ္ဘာမကျေအမုန်းတရားများကို မသိသူလည်း မရှိသလောက်မို့ ကုန်းဝေ့လည်း ဘာမှဆက်ပြောမနေတော့၊ အသာလေး ပါးစပ်သာပိတ်နေလိုက်သည်။

ရွှီရွှမ်းချဝ် ဆက်ပြောသည်........”ဒီ ယွိချီမျိုးနွယ်တွေ တအားရိုင်းစိုင်းလွန်းတယ်၊ မင်း သူတို့နဲ့ သွားမပတ်သတ်နဲ့၊ ငါ ပြောတာနားထောင်..”

ကုန်းဝေ့ကလည်း ရိုးသားစွာ ပြန်လည်ဖြေလိုက်သည်.........”ဟုတ်ကဲ့ ရှစ်ကျွင်း ဆုံးမစကားကို တပည့် နာခံပါ့မယ်..”

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now