အပိုင်း ၁၆ (Unicode Version)

644 135 12
                                    

Unicode Version

အပိုင်း ။ ၁၆

ကုန်းဝေ့ အတွေးများ ပျာယာခတ်သွားသည်၊ သို့သော် တဆိတ်တော့ သူထိန်းသိမ်းလိုက်ရင်း ထိုအမျိုးသမီးနှစ်ယောက်အား သူ၏ဦးခေါင်းထက်၌ ဇာပုဝါလွှားခြုံဖို့ ခွင့်ပြုလိုက်၏၊ သူ၏မျက်လုံးအထိ ဇာပုဝါအုပ်ပြီးသည့်နောက်မှာတော့ တံခါးဝကနေ စတင်ထွက်ခွာပါလေ၏။

ရက်ရက်ရောရောပြင်ဆင်မွမ်းမံထားသည့် သတို့သမီးဝေါယာဉ်၊ ရှစ်ယောက်ထမ်း ဝေါယာဉ်အား ထမ်းမရန်အတွက် ယောင်္ကျားသားရှစ်ဦးတိတိ အပြင်မှာစောင့်ဆိုင်းနေကြသည်၊ ဇာပုဝါလွှမ်းခြုံထားခြင်းကြောင့် ကုန်းဝေ့ ရေရေရာရာမတွေ့မြင်နိုင်သော်လည်း ဝေါယာဉ်ကတော့ ငွေကြေးအမြောက်အမြားကုန်ကျခံပြီး ခမ်းခမ်းနားနားတည်ဆောက်ထားတာ ထင်ထင်ရှားရှားပင်၊ ဝေါယာဉ်၏ ရက်ထည်သားပေါ်၌ ရွှေချည်ပန်းကွင်းများထိုးနှံထားပြီး ဖောင်းကြွဒီဇိုင်းဖြင့်ဆင်ယင်ထားသည်၊ အမျိုးသမီးတစ်ယောက်က သွေးကျောက်စိမ်းကနုတ်ပန်းများ ဖော်ကျူးထားသော အထည်စများပါဝင်သည့် အနီရဲရဲ မင်္ဂလာကြိမ်ခြင်းတောင်းကို မြှောက်ပြရင်း ပျော်ရွှင်စွာနှင့်ပြောလာ၏........" မမလေး!!! ကျေးဇူးပြုပြီး ဝေါယာဉ်ပေါ်ကို တက်လို့ရပါပြီရှင့်"

" ထိုမှတ်ချက်ကိုကြားသော်၊ ကုန်းဝေ့တစ်ယောက် ခေတ္တတန့်သွားပြီး ခပ်တိုးတိုး မေးမြန်းလိုက်သည်......."ရွှီရွှမ်းချဝ် ဘယ်မှာလဲ?"

ထိုအမျိုးသမီးထံကနေ ထွက်ပေါ်လာသော လေသံကတော့ အနိမ့်အမြင့်အတက်အကျတောင် ရှိမနေ......"ရွှီရွှမ်းချဝ်ဆိုတာ ဘယ်သူလဲ?"

ကုန်းဝေ့ ခဏလောက်စဉ်းစားလိုက်ပြီးမှ ထပ်မေးပြန်သည်......." စစ်သူကြီးပိုင် ဘယ်မှာလဲ?"

အမျိုးသမီး ပြန်ဖြေ၏........."သတို့သားနဲ့ ဧည့်သည်တွေက ဘိုးဘေးခန်းမဆောင်ဧည့်ခံပွဲမှာ သတို့သမီးလာတာကို စောင့်နေကြတယ်လေ"

မျက်နှာမဲ့ လူအုပ်ကြီးတစ်စုလုံး ယောင်္ကျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး ကုန်းဝေ့ကို ပျော်ရွှင်စွာနှင့်စိုက်ကြည့်နေကြသည်မှာ ဝေါယာဉ်ပေါ်သို့ တက်ရန် စောင့်မျှော်နေသည့်ဟန်။

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now