အခန်း ( ၁ - ၁ )

2.4K 270 7
                                    


Unicode Version

အခန်း (၁ - ၁)

ဖွီးး ...

ဓားတစ်ချောင်းအားဆွဲနှုတ်လိုက်သည်နှင့် သွေးများပန်းထွက်လာပြီးနောက် ကုန်းဝေ့တစ်ယောက် ခြေလှမ်းထက်ဝက်မျှနောက်ဆုတ်သွားကာ မြေမဟီထက်သို့လဲကျသွား၏။

ကြည်လင်သော ချွင်ခနဲမြည်သံနှင့်အတူ သူ၏လက်ထဲရှိအဆိပ်လူးဓားမြှောင်မှာလည်း ချော်ထွက်ကာ ခြေရင်းထက်သို့ လွတ်ကျသွား၏။

"ခေါင်းဆောင်!!!"

"သခင်ကြီး ရွှီ?"

"ဘာတွေဖြစ်သွားတာလဲ?..ဘာများ...."

အမတတက်လှမ်းခြင်းစင်မြင့်ရှိ လူအုပ်ကြီးသည်ကား ရှေ့သို့လျင်မြန်စွာ တိုးဝှေ့နေကြသော်လည်း သူတို့မျက်မှောက်ရှိ အနှီထိတ်လန့်ကြောက်ရွံ့စရာမြင်ကွင်းကိုမူ ရှင်းရှင်းလင်းလင်းမမြင်ရပါချေ၊ ကုန်းဝေ့ မြေပေါ်တွင်လဲကျလျှက် သူအားထိုးစိုက်ခဲ့သောဓားအားစေ့စေ့စပ်စပ်ကြည့်နေမိလေပြီ၊ ဓားသွားထက်မှာတော့ ထွင်းထုထားပါသော 'ပုနိုင့်ဟယ် ' ဟူသည့်အက္ခရာသုံးခု၊ အနှီသေခြင်းတရားကို ဆုပ်ကိုင်ထားသော လက်ဖျံမှာလည်း အဆစ်အကြောများထင်းလင်းလျှက် သွယ်လှပြီး အားကောင်းလှပေသည်၊ ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ရာ ခံစားချက်တချို့ကိုပင် ပေးစွမ်းနေသည့်သဖွယ်။

ကုန်းဝေ့၏အကြည့်များ အနှီလက်ဖျံနှင့်တွယ်ဆက်ထားသော လက်ထံသို့ရွေ့လျားသွားပြန်လေပြီ၊ ရွှီရွှမ်းချဝ် သူ၏မောက်မာပြီး အစဥ်အမြဲခက်ထန်နေသော မျက်နှာဖြင့်ကြည့်လာရင်း စကားဆိုလာ၏ "...မင်းကငါ့ကိုသတ်ချင်တယ်ပေါ့?"

ကုန်းဝေ့ မျက်လုံးအားမှိတ်ဆင်းကာ အသက်ပြင်းပြင်းရှိုက်သွင်းလိုက်ပြီး တဖန်ပြန်လည်၍မျက်ခွံများဖွင့်လှစ်ကာ အဝေးရှိ နှင်းဖုံးလွှမ်းနေသောတောင်တန်းများ၊ သစ်တောများအား အာရုံပြုပြန်လေသည်။

ရွှီရွှမ်းချဝ်၏ အသံမှာပိုမိုကျယ်လောင်လာသလိုပင်၊ ကြည့်ရသည်မှာ သူနှင့်ပိုမိုနီးကပ်လာသည် ကြောင့်ပဲထင်ပါ၏၊ စကားလုံးများမှာ သွားကြားထဲမှ လေအသွင်တမျှအသားပေးဖျစ်ညှစ်ကာ ပြောဆိုနေပါသယောင် "ဘာလို့လဲ?"

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now