အပိုင်း ၂၄ (Unicode Version)

559 104 12
                                    

အပိုင်း ၂၄

//ကြာပဒုမ္မာအမတသခင် ငယ်ငယ်တုန်းက အရမ်းချောမောခန့်ညားတဲ့အမျိုးသားတစ်ယောက်ကို အဝေးကငေးကြည့်နေလေရဲ့၊ သူ့ဘေးကလူက ပြောပြလိုက်တာပေါ့၊ ဒါလေ သိုင်းလောကမှာနံပါတ်တစ် ချန်းယန်ဂိုဏ်းချုပ် လေ၊ အဲဒီချိန် တစ်ဖက်လူကလည်း သူ့အကြည့်တွေကို သတိထားမိပြီး သူ့ တည့်တည့်စိုက်ကြည့် ပြုံးပြလာတော့ ကြာပဒုမ္မာအမတသခင် ဒူးတောင်မခိုင်ချင်တော့ဘူး//

တိတ်ဆိတ်နေသော ခန်းမထဲ ရွှီရွှမ်းချဝ် လက်ချောင်းကလေးဖြင့် စာအုပ်အဖုံး ပေါ်တဒေါက်ဒေါက်ခေါက်ရင်း ပြောလိုက်သည်........”အင်း ဆက်ဆို ???”

နံနက်ခင်းအလင်းရောင်သည်ကား ရွှမ်ကျီခန်းမဆောင်ထက်သို့ လင်းလက်တောက်ပနေသော ရောင်ဝါဖြင့် ဆင်းသက်နေ၏၊ အနုပညာလက်ရာမြောက်သော စာရေးစားပွဲ၏ တစ်ဖက်တစ်ချက်တွင်တော့ ဆရာတပည့်နှစ်ဦး အပီအပြင်နေရာယူထားကြသည်၊ စားပွဲပေါ်မှာ စုတ်တံ၊ မှင်ရည်၊ ကျောက်စိမ်းတံဆိပ်တုံးများ သပ်သပ်ရပ်ရပ် ခင်းကျင်းထား၏။

ကုန်းဝေ့၏ ဝိညာဥ်ပဲနုတ်ခံနေရသလို မျက်နှာဘေးကိုသာ ခဏဘေးဖယ်ထားလိုက်၊ ယခု သူတို့နှစ်ယောက်ပုံစံက ဆရာကောင်းနှင့် တပည့်လိမ္မာလေးတို့ ကောင်းကောင်းမွန်မွန်စာသင်နေကြတယ်လို့တောင် ထင်နိုင်စရာရှိသည်။

“..........ဒူးတောင် မခိုင်ချင်တော့ဘူး”..........ကုန်းဝေ့ ထုံထုံအအနှင့်ပြောလိုက်သည်.........”နောက်ပြီး သူ့ မျက်နှာတွေ နီရဲလာတယ်..”

ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်နေဆဲ။

ရွှီရွှမ်းချဝ် စာရွက်နောက်တစ်ရွက်လှန်လိုက်ရင်း ...........”ပြီးတော့ရော???”

ရုတ်တရက် စားပွဲကုလားထိုင် လှုပ်သွားသည်၊ ကုန်းဝေ့ ထပြီး ဦးညွတ်လိုက်လို့ပင်...............”ရှစ်ကျွင်း၊ တပည့် နောက်အပိုဒ်တွေ မမှတ်မိတော့ဘူး...”

ဘာလို့???

“ဒီ ဦးနှောက်မဲ့ ငတုံးတွေ ကျွန်တော့် ရှစ်ကျွင်းကို ဒီလို စော်ကားချင်တိုင်းစော်ကားနေကြတာ ဒီတပည့် ထပ် သည်းမခံနိုင်တော့ဘူး၊ ဒေါသထွက်လွန်းလို့ ရင်ထဲမီးတောက်နေပြီ”

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Onde histórias criam vida. Descubra agora